ဒီနေ့ kris လာမကြိုခင် ကျောင်းအရင်လစ်ပြီး ဟိုကောင်တွေပြောတဲ့ Bar ကို ကားငှါးကာသွားနေလိုက်သည်။
Kris သိရင်မသွားနဲ့ဆိုပြီးတားဦးမှာ ။ စကားကြောတွေရှည်နေမယ် ။ နားပူမခံနိုင်ဘူး ။လှတ်မှာလည်းမဟုတ်ဘူး။ ကျောင်းပြီးရင် လိမ္မာမယ်စဉ်းစားထားလို့် ကျောင်းမပိတ်ခင် အပြတ်ဆိုးထားရမည် ။ ဒီနေ့ကတော့ ဘာဆေးလည်းမသိပေမယ့် တကယ်ချမည်ဟု စဉ်းစားထားသည် ။ ဟိုတစ်ခေါက်ကလို ရဲတွေသတင်းရသွားတဲ့ bar ဆိုရင်တော့ ဒီကောင်တွေအသေပဲ။.
ထိုကောင်တွေထဲက တစ်ကောင်ကို ဖုန်းဆက်ရသည်။
"Taejoon အေး မင်းပြောတဲ့ဆီကိုလာနေပြီ ။ အရှုပ်အရှင်းကင်းပါတယ်နော် ။ အရင်နှစ်တွေတုန်းကလို ရဲတွေသဲလွန်စရထားတဲ့ bar ဆိုရင် ငါဒီတစ်ခေါက်ထွက်ပြေးရင်တောင်လာကယ်မယ့်သူမရှိဘူး။''
Taejoon ကိုသေချာလား မသေချာလားမေးပြီးမှ ထို bar ကိုသွားရမည် ။ ဒီတစ်ခေါက် ပြသနာဖြစ်ရင် နောက်က လိုက်ရှင်းပေးမယ့် အဖေလည်းမရှိဘူး ။ နိုင်ငံခြားခရီးထွက်နေတာ လှမ်းဆက်သွယ်ဖို့ အဆင်မပြေဘူး ။ kris ကိုလည်း သိပ်မယုံချင်ဘူး ။
Taejoon ကမရှိဘူး ။စိတ်ချ လာသာလာခဲ့ပြောမှပဲ စိတ်ချရသည် ။ ဒါတောင် တစ်ရာ ရာခိုင်နှုန်းအပြည့် ဒီကောင်တွေကိုသိပ်မယုံဘူး ။ ပိုက်ဆံရရင် ဘာလုပ်ရလုပ်ရ လုပ်တဲ့ကောင်တွေ ။ ကျောင်းသားတွေသာလုပ်နေတာ ကြေးစားတွေလိုပဲ ။
"အေး ။ ဒီတစ်ခေါက်ပြသနာထပ်တက်လို့ကတော့ မင်းစောက်ခွက်စုတ်မှာနော် ။ အဆင်သင့်ပြင်ထား ''
"အေးပါကွာ ''
ဒီကောင်တွေနဲ့ပက်သက်ရင် စကားလုံးအကြမ်းတွေသုံးပြီး လှန်နိုင်မှတော်ကာကျတာ ။ မဟုတ်ရင် ဒီကောင်တွေက ပိုက်ဆံယူပြီး အနိုင်ကျင့်ကြမယ့်ကောင်တွေ ။
-Jade-
အရင်တုန်းက ကျောင်းမှာဆို taemin နဲ့ minho ကအနိုင်ကျင့်ခံရသည် ။ Chanyeolကာကွယ်ပေးမှသာ ။ မဟုတ်ရင်သူတို့် ရသမျှမုန့်ဖိုး ကျောင်းက လူဆိုးကောင်တွေကို ဆက်သနေရသည် ။ ကျောင်းသားချင်းကို အနိုင်ကျင့်ပြီး ခွေးကျင့်ခွေးကြံ ကြံတဲ့အကောင်တွေ ။
ESTÁS LEYENDO
JADE [ Hiatus ]
FanficFBI မှSpecial agent တစ်ယောက် မူးယစ်ရာဇာဂိုဏ်းအမှုကို ကိုင်တွယ်ရမည့်အပြင် ဗိုလ်မှူးကြီးဟောင်း တစ်ယောက်ရဲ့သားဖြစ်သူကိုပါ ကာကွယ်ပေးရန်ဖြစ်လာသောအခါ..... Cover design by Fan Yeollie