အချစ်​ဟု​ခေါ်သလား။

73 3 0
                                    


အခန်း-၃

သည်တစ်နေ့ ဥဒါန်း ကျောင်း
ကိုစောစောစီးစီးသွားမည်ပေါ့ အောက်
ထပ်ကိုအရောက် ဧည့်ခန်းမှ အန်တီခေါ်လိုက်
ပါသည်။

'ဥဒါန်း သား....အန်တီ လေး ဆီ
လာပါဦး'

'ဟုတ်ကဲ့...အန်တီလေး'

ဥဒါန်း အန်တီလေး ရှိသော
နေရာသို့ သွားလေ၏။

'ပြောလေ အန်တီလေး'

အန်တီလေး ချိုသာစွာ
ပြုံးသည်။ အန်တီလေး ရဲ့
အပြုံး ကြောင့် ဥဒါန်း အမြဲ
လန်းဆန်းမိသည်။ယခုတော့...
ဥဒါန်း အန်တီလေး ကို အံ့သြ
စွာ ကြည့်နေမိသည်။

'အခု နံနက် ၈နာရီဆို...
သားရဲ့ မိဘတွေ ရောက်လာပြီ
သားရဲ့'

'ဟင်!!!'

'ဟုတ်တယ်...အခု အန်တီလေး
တို့သွားကြိုကြမယ်...ဒီတော့
အ့တစ်နေ့ အတန်းပျက်လိုက်ပေါ့
နော်'

ဥဒါန်း ငြင်းမရ....
ကျော ဘိုးအိတ်လေးကိုချွတ်ခါ

သွားမယ်လေ

အန်တီလေး နဲ့ အတူ လေယာဉ်
သွားကြို ပါသည်။
ကားမောင်းနေရင်းက...ဟို
ချာတိတ်ကောင်လေး ကိုမြင်ယောင်
နေမိဆဲ၊....

✈↘✈↘✈↘✈↘✈↘
လေယာဉ်ကြီး ဆင်းရောက်လာပြီး
ကတ္တလာ လမ်းကလေးအတိုင်း
အရှိုန်နဲ့...စိးနင်းလာပြီး

ကျယ်ပြန့် လှသော ကတ္တလာ လမ်း
ပြင်ကျယ်ကြီးတွင်ရပ်နားလိုက်ပါတော့သည်။

နောက်ပြီး တံခါးပွင့်လာခါ
ဧည့်သည်များစွာ ထွက်လာပါသည်။
ခဏအတွက်းဧည့်သည်များကြားမှ
ဖေဖေ မေမေ နောက်ပြီး
ကောင်မလေး တစ်ယောက်
အဝတ်ထုပ်များနဲ့ သူတို့ဆီလာသည်ကို
တွေ့ရသည်။ကောင်မလေးက
မည်သူနည်း....သူနဲ့တူလှ၏။
မျက်တောင် မျက်ခုံး
နှုတ်ခမ်း မျက်နှာပု့က အစတူ
နေသည်။ သမီး တစ်ယောက်ယူ
ထားသေးသည်လားမသိပါ။

'ဟွန်း...ညီမလေး'

'မမ ပဲ...'

အန်တီလေးနဲ့ မေမေတို့ဖက်
နေကြပါသည်။
ဖေဖေ ကကျွန်တော် ဆီလျှောက်လှမ်း
လာကာ

'ငါသားလေး မနည်းကြီးလာပြီပဲ'

ဥဒါန်း ပြုံးသည်မှတစ်ပါးတခြား
ဘာလုပ်နိုင်မည်နည်း။

Love SickWhere stories live. Discover now