မိုးသာသဲပါ။မရွှာပါနဲ့

44 3 0
                                    

အခန်း-၎

အိမ်ရောက်သည်နဲ့....ရေပြန်လည်ချိုး
မိပါသည်။

နောက်ပြီး...ဗိုက်ဆာ သဖြင့်
အအောက်ထပ်ကို ဆင်းလာကာ
ထမင်း လာရှာစားမိ၏။

'သားဥဒါန်း....ဘာရှာနေတာလဲ'

မေမေ ရောက်လာခါ
သူကိုမေးပါသည်။

'အွန်း....သား ဗိုက်ဆာလို့'

'ဒါများ သားကလဲ...
ကြီးမေ ရေ့ ကြီးမေ'

'လာပါပြီ မမလေး'

'သခင်လေး ကို ထမင်းပွဲပြင်ပေး
လိုက်ပါဦး...'

'ဟုတ်ကဲ့ မမလေး...'

ကြီးမေ ထမင်းပွဲကို
ပြင်ပေးနေပါသည်။

မေမေ က အပြင်ထွက်သွားတော့
ဥဒါန်း ကြီးမေ ပြင်ပေးထားသော
ထမင်းကို အားရပါးရ စားနေမိသည်။
ထမင်းဟင်း တွေချန်ထားလို့တော်
သေးတာပေါ့ နောက်မို့ဆို
ဥဒါန်း ထမင်းငတ်မှာဧကန်။ ။ ။

'ကိုကို'

ထိုတွင် ညီမလေး ရောက်လာလေရဲ့
ညီမလေးမှုံ သူ၏... အရှေ့တွင် ထိုင်လိုက်
ပီး ....

'အခုမှ...ထမင်းစားတာလား ကိုကို'

ကျွန်တော် ခေါင်းညိမ့်၏။

'ကိုကို'

'ပြောလေ'.

'ဟိုလေ...ညီမလေး က နံနက် ကျောင်း
စတက်မလို့လေ...အ့ကြောင့်
ကိုကို... ကို လာမေးတာပါ'

'အွန်း ညီမလေးကအ့မှာပဲ
ဆက်တက်တော့မှာလား'.

'ဟုတ်'

'ဘာမှ အခက်မရှိပါဘူး...အသွားအပြန်
ကိုကို နဲ့ အတူ သွားကြတာပေါ့
''.

'Thank's brother''

ညီမလေး...ပြောပြောဆိုဆို
အပြင်သို့ထွက်ပြေးသွား၏။

🌃🌌🌃🌌🌃🌌🌃🌌
ညအချိန်....ပြာလဲ့နက်မှောင်နေသော
ကောင်ကင် ယံ၌ ကြယ်ကလေးများသည်
ကွက်ကြားကွက်ကြား မှိတ်တုတ် မှိတ်တုတ်
လင်းနေပြီး....သူ ကို အပြုံးနဲ့
နှစ်သိပ်နေသော လမင်းကြီး

အသက် တစ်ယောက် ဝရန်တာ
လေးတွင် လက်ကလေး ထောက်ခါ
ရပ်ကာ ကြယ်တွေလတွေက
ို ကြည့်နေမိပါသည်။

Love SickWhere stories live. Discover now