ညတော့ ကုန်ပစ္စည်းပြပွဲရောက်ပါပြီ
ကမ္ဘာကျော် နိုင်ငံကျော် ကုပ္ပဏီရှင်များတက်ရောက်ကြ
သည်။"ဟေး အသက် နင့်သမီးလေးက ချစ်ဖို့
အရမ်းကောင်းတာပဲဟ ချစ်စရာလေး"နန်း အသက်နဲ့တွေ့ပါသည်။
"အွန်း နန်း"
"အသက် သမီးလေးနာမည်ဘယ်လိုပေးထားသလဲ"
"မြူနှင်းမှုံ"
"နာမည်လေးလည်းလှ ရုပ်လေးလှ
ခိ ခိ"ပြောပြောဆိုဆို နန်း အသက်ဆီမှလှမ်းယူကာ
ချီလိုက်လေရဲ့. . .သည်တစ်ခါတော့. . .
မင်းသမီးတော်က မငိုတော့ပေ. . .နန်းရဲ့
အင်္ကျီလက်ကိုင်းမှာတပ်ထားသော. . .ပန်းပွင့်ကလေး
များအားကစားနေတော့၏
ထိုတွင် ဥဒါန်း ရောက်လာပါပြီ မတွေ့တာကြာလို့လားမသိ ပိုပိုချောလာသည်။လူကြီးလည်းဆန်လာတာအမှန်ဥဒါန်း အသက်အားစိုက်ကြည့်နေမိ၏။
ကလေးတစ်ယောက်ဖြစ်နေသည်ကိုတောင်
ကလေးပုံထွက်နေသော. . .အသက်
ဒါပေမဲ့ကိုယ့်နဲ့သူကရန်သူဖြစ်နေပြီ
ဟူး ဥဒါန်း ဥဒါန်း နင် သူကိုမျက်နှာချင်းတောင်
မဆိုင်သင့်ဘူး"ကိုကြီး အ့မှာကြည့်ပါဦး
ကိုကြီးရဲ့ တူမလေးကို"ဥဒါန်း. . .မြူနှင်းမှုံလေးအားပွေ့ယူချီလိုက်မိသည်။
အဟွန်း. . .လုံးဝမငိုသော မြူနှင်း
စဉ်းစားသဟန်လေးဖြင့် ချစ်စရာကောင်းစွာ
ဟိုကြည့်ဒီကြည့်နေသော သမီးဖြစ်သူမြူနှင်း
အားအသက်ကြည့်ရင်းပြုံးနေမိသည်။
ယခုကိုယ်ချစ်ရတဲ့သူရဲ့လက်ထဲရောက်ရှိနေတော့
အသက် ရင်ခုန်နှုန်းသည်ကား. . .
မရေတွက်နိုင်. . .အကိုမြေရယ်. . .
ဟင်ငါ့ဘာတွေတွေးမိလေသနည်း
ငါ့ဟာ ကလေးတစ်ယောက်ရဲ့အဖေအခုမှအသက် အကိုမြေရဲ့စိတ်ကိုသိရတာ
နောက်ကျတယ်ဗျာ. . .အကိုကဘာလို့
အသက်ကိုမပတ်သက်တော့တာလဲအသက် ဥဒါန်းရဲ့စိတ်ကို မှုံဆုံးပြီးနေ့မှာသိရတယ်လေ
သူမြစ်ကြီးထဲကိုသက်သေတည်နေတာ.
ကို အသက်ကြားခဲ့ရသည်. . . . ."ဟာကွာ လောကကြီး ဘာတွေလဲ
ဘာဖြစ်လို့လဲ. . .အသက် ငါမှာဘာအမှားတွေများ
ရှိလိုလဲကွ"
.
ဥဒါန်း မြစ်ကြီးထဲသို့ အော်ဟစ်ကာငိုယို၍
စကားပြောနေမိသည်။အနောက်မှ ကားဖြစ်ကွယ်ကာ
နေရင်းဥဒါန်းရဲ့စကားကိုကြိတ်ကာခိုး
နားထောင်နေသောအသက်...
ငါ့မှာဘာအမှားရှိလို့လဲ သတဲ့ကွယ်
ဟက် ဟက် ရီရတယ် အကိုဥဒါန်းမြေ
အသက် ဒေါသကိုထိန်း၍. . .ဆက်၍ပြော
သောစကားကိုစောင့်၍ နားထောင်နေမိသည်။
YOU ARE READING
Love Sick
FanfictionBl fic လေးပါနော်။ အချစ် ဆိုတဲ့အရာက ဦးနှောက်နဲ့ ဆုံးဖြတ်မှမရတာ။အဓိက နှလုံးသားက လာဖို့ပဲ။ ဥဒါန်းမြေ