"ဘာ....ဘယ်လို"တဖက်က ကြယ်လေးရဲ့စကားသံကြောင့်
ဥဒါန်း ကြီးစွာသောဝေသနာခံစားရသည်။
ဘယ်လိုဖြစ်ရတာလဲညီမလေးဆုံးပြီသတဲ့လား
ညီမလေး သို့သော် ကလေးသမီးငယ်ကိုတော့ကယ်
နိုင်ခဲ့တယ်ဆိုပဲ. . ."ဟုတ်တယ် အကိုဥဒါန်း ဒါပဲနော်"
ဥဒါန်းမြေ သူအလိုလိုမျက်ရည်များကစီးကျ
လာပါသည်။သူညီမလေးကို အရမ်းချစ်ရတာပဲ
ယခု ယခုတော့. . .အ့ဒါ အသက်ရဲ့လက်ချက်ပင်
ဖြစ်မည်။အသက်သာလျှင်. . .မိမိအားဂလဲ့စား
ချေချင်နေသူပဲလေ...
အသက် အသက်. . .နင်လဲငါ့ကိုလုံးဝခွင့်မလွတ်
နိုင်သလို...ငါလဲနင့်ကိုလုံးဝခွင်မလွတ်ဘူး...
ဝမ်းနည်းမှု ဒေါသထွက်မှုများက ရောထွေးနေတော့သည်။
((အထင်ကလဲ လွဲနေတာချည်းပဲ))"ဟင် ကိုကြီးဘာလို့ငိုနေတာလဲ. . ."
အပြင်မှဝင်လာ၍ မေးလိုက်သောနန်း..
"ကိုယ်တို့အခုပြန်မှဖြစ်မယ် နန်း. . ."
"ဘာ့ဖစ်လို့လဲဟင် "
"နန်း....နန်း ဆုံးသွားလို့"
"ဟင်!
ဒါ ဒါနဲ့ ဟို ကလေးက ရော"„ကလေးမွေးပြီးချက်ချင်းဆုံးသွားတာတဲ့
အဟင့်"ဥဒါန်း ငိုကာပြောနေတော့. . .
"ကဲပါ ကျမတို့မြန်မြန်လေးပြန်ကြတာပေါ့"
အထုပ်များကိုပြန်ကောက်ရှင်း၍. . .အိမ်သို့သာ
မြန်မြန်ပြန်လာလိုက်ကြရသည်။*******************************
ဟိုရောက်သည်နဲ့ အိမ်သို့သွားမည်ဟု
ဆုံးဖြတ်ထားသော်လည်း ကြယ်လေးက
ဖုန်းဆက်၍ ဆေးရုံ ကိုပြောပြလိုက်တော့
သည်ဆေးရုံသို့သာ တန်းလာလိုက်တော့သည်။"သမီးရယ် ဖြစ်ဆိုးလှချည်လား. . ..
အဟင် ဟင့်"အခန်းအားစုံစမ်းကာ ပြေးလာမိသည်။
မေမေကအားရပါးရငိုကြွေးနေတော့၏။
ဖေဖေလဲအလားတူ. . .
အသက်က မွေးခင်စ ကလေးလေးကို
ပွေ့ချီထားသည်ကို
မြင်ရသည်။အသက်ရဲ့ အမေ လဲငိုနေသေးသည်။"ညီမလေး"
"မှုံ"
ဥဒါန် အခန်းထဲကိုပြေးဝင်၍ မေမေတို့နဲ့ယှဉ်၍
ငိုချမိပါသည်။
YOU ARE READING
Love Sick
FanfictionBl fic လေးပါနော်။ အချစ် ဆိုတဲ့အရာက ဦးနှောက်နဲ့ ဆုံးဖြတ်မှမရတာ။အဓိက နှလုံးသားက လာဖို့ပဲ။ ဥဒါန်းမြေ