Heart of Melody
ညသန်းခေါင်ယံ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ဖျက်စီးလိုက်တဲ့ ကားတစ်စီး။ လူမရှိတဲ့ လမ်းမထက်မှာ အရှိန်ပြင်းစွာ မောင်းနှင်လာပြီး ခြံကြီးတစ်ခုရှေ့မှာ အရှိန်ပြင်းစွာနဲ့ စက်သတ်လိုက်တယ်။ ကားတံခါးမှန်ချလိုက်ခြင်းနဲ့အတူ အနက်ရောင်ဂျာကင်နဲ့ လိုက်ဖက်စွာ ဖြူဖွေးနေတဲ့ အသားအရေပိုင်ရှင် ကောင်လေး။
"အကိုလေး ပြန်လာပြီ တံခါးသွားဖွင့်ပေးလိုက် ဆူညံမနေနဲ့ဦး သခင်ကြီးနိုးသွားမယ်"
မအိပ်ပဲ ထိုင်စောင့်နေကြတဲ့ အလုပ်သမားတစ်ချို့ ကားတစ်စီးအသံကြားတာနဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ ခြံတံခါးသွားဖွင့်ပေးသူကဖွင့်၊ ညစာအတွက် ပြင်ဆင်ပေးသူက ပြင်ဆင်ပေးနှင့် အိမ်ကြီးတစ်ခုလုံး ပျားပန်းခတ်အလုပ်ရှုပ်နေကြတယ်။ ကောင်လေးကတော့ ကားကိုခြံထဲမှာရပ်လိုက်ပြီး ကားသော့ကိုလက်ထဲတွင် ဆော့ကစားရင်း အိမ်ထဲကို ဝင်လာတယ်။ သူကတော့ Mr Suradet ၏ တစ်ဦးတည်းသော အမွေဆက်ခံမည့်မြေး Bas Suradet။
အိမ်တော်ထိန်းစီမံခန့်ခွဲမှုကြောင့် ပြင်ဆင်ပြီးသား ညစာစားပွဲကို အရံသင့်တွေ့ရလို့ ဝင်ထိုင်လိုက်ပြီး အိမ်တော်ထိန်းကို တစ်စုံတစ်ရာ မေးလာတယ်။Bas: "ဖိုးဖိုး အိပ်သွားပြီလား Uncle Mike"
U Mike: "အိပ်သွားပါပြီ သခင်လေး"
Bas: "အင်း ကျွန်တော်လဲ ဒီနေ့နည်းနည်းနောက်ကျသွားတယ်။ ကျွန်တော်ညစာစားပြီးရင် နားတော့မယ်။ Uncle Mikeတို့လဲ နားတော့"
U Mike: "ဟုတ်ကဲ့ပါ သခင်လေး။ လိုအပ်တာရှိရင် Uncle တို့ကိုလှမ်းခေါ်လိုက်နော်"
Bas: "Khrap"
ဆိုးပေမယ့် မရိုင်းတတ်တဲ့ သခင်လေးကိုကြည့်ပြီး အိမ်တော်ထိန်းကြီးပြုံးနေတယ်။ အသက် ၉နှစ်အရွယ်မှာ မိဘတွေနဲ့အတူ ခရီးထွက်ရင်း ကားအင့်စီးဒန့်ဖြစ်ရာမှ ကလေးငယ်တစ်ဦးတည်း ကျန်ရစ်ခဲ့တယ်။ ကြောက်လန့်တုန်ရီနေပြီး အဖေနဲ့အမေဘေးမှာ မျက်လုံးအဝိုင်းသားနဲ့ ပုံရိပ်လေးက လူတိုင်းရဲ့ရင်ကို နာကျင်စေမှာတော့ အမှန်ပဲ။ အဖိုးဖြစ်သူက ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့ အရင်ချိန်ကကြောက်ရွံ့မှုတွေ မရှိတော့ပေမယ့် မိုးရွာတဲ့အချိန်ကာလမှာတော့ ကြောက်ရွံ့မှုတွေ ပြန်နိုးထလေ့ရှိတယ်။ ပျော်ပျော်နေတတ်တဲ့ လူငယ်ဘဝကို အကောင်းဆုံး အသုံးချနေပြီး သူငယ်ချင်းပိုင် Club ကို ညတိုင်းလိုလိုသွားဖြစ်တာလဲ အကျင့်တစ်ခုလိုဖြစ်နေတဲ့ သခင်လေးပါ။ အိမ်တော်ထိန်းနဲ့ အလုပ်သမားတွေအပေါ် မောက်မာခြင်းမရှိဘဲ ဆက်ဆံတတ်လို့ တစ်အိမ်လုံးက ဝိုင်းချစ်တာခံနေရတဲ့ကောင်လေး။ သူကိုယ်တိုင်သာ ဆိုးချင်ဆိုးမယ် တစ်ပါးသူအပေါ် ထိခိုက်မှုမဖြစ်စေလို့ အဖိုးဖြစ်သူက သူ့မြေးစိတ်ကြိုက် နေစေခဲ့တယ်။ ညစာစားပြီးတာနဲ့ ကိုယ့်ပန်းကန်ကိုဆေးပြီး အိမ်ပေါ်ထပ်တက်လာတယ်။ အခန်းထဲရောက်တော့ လက်ပတ်နာရီကို အရင်ဆုံးချွတ်လိုက်ပြီး ဗီရိုအကန့်ထဲကို ထည့်လိုက်တယ်။ နာရီချွတ်ပြီးတာနဲ့ အဝတ်အစားလဲပြီး ရေချိုးခန်းရှိရာ လျှောက်သွားတယ်။ သွားတိုက်၊ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး တစ်နေ့တာရဲ့ အိပ်စက်ချိန်ကို ရယူနေလေရဲ့။ မနက်ခင်းမှာ စားပွဲတင်နာရီရဲ့ နှိုးစက်သံကြောင့် Bas တစ်ယောက်နိုးထလာခဲ့တယ်။ ကျောင်းသွားဖို့ရှိသေးတာကြောင့် ရေမိုးချိုးကျောင်းဝတ်စုံလဲပြီး အောက်ထပ်ကိုဆင်းလာတယ်။ မနက်စာစားဖို့ ထမင်းစားခန်းဆီလျှောက်လာတော့ သတင်းစာထိုင်ဖတ်နေတဲ့ အဖိုးဖြစ်သူကို တွေ့တော့နှုတ်ဆက်ပြီး မနက်စာစားပွဲမှာ ဝင်ထိုင်တယ်။
YOU ARE READING
Heart of Melody
Fanfictionအချစ်ဆိုတာ လူတိုင်းမှာရှိပါတယ်။ ၅၂၈၊ ၁၅၀၀ စတဲ့အချစ်တွေကို ခံစားတတ်ဖို့ နှလုံးသားတစ်စုံတော့ လူတိုင်းမှာ ရှိကြတာ သဘာဝပါ။ ဒီ Fic လေးထဲမှာ နှလုံးသား၆စုံရဲ့ မတူညီတဲ့ ရင်ခုန်သံတွေကို နားထောင်လိုက်ရအောင်။ ...