Heart of Melody
Tae တစ်ယောက် မိဘတွေနဲ့အတူ လေဆိပ်ရောက်နေလေရဲ့။ Tae ရဲ့ညီမ စာမေးပွဲဖြေပြီးလို့ ကိုရီးယားကနေ ခဏပြန်လာလို့ မိသားစုတွေ ကြိုဆိုနေကြခြင်း။ လေယာဉ်ဆိုက်ကပ်လာပြီဆိုတဲ့ ကြေညာချက်အပြီးမှာ ခရီးသည်တွေကြား အသားဖြူဖြူနဲ့ ချစ်စရာကောင်မလေးတစ်ယောက် Tae တို့နားလျှောက်လာတယ်။ ကောင်မလေးက Tae ရဲ့ညီမလေး Yuri။
Yuri: "Sawade Khrap...Por နဲ့ Mae ကိုလွမ်းနေတာ။ P ကိုရောပဲ"
Tae: "Awwii အခုမှလွမ်းပြမနေနဲ့ ဘယ်သူက အဲ့မှာကျောင်းတက်ချင်တယ်ပြောတာလဲ"
Yuri: "ဟီးးး Oppa ကလဲ"
Tae: "အခုရောက်နေတာ ကိုရီးယားမဟုတ်ဘူး"
Mr Darvid: "ဒီမောင်နှမ ရန်ဖြစ်မနေနဲ့တော့ လာ..ပြန်ရအောင် သမီးငယ်လဲ နားချင်နေမှာပေါ့"
Yuri ကိုကြိုပြီး Tae တို့တွေ အိမ်ကိုပြန်လာကြတယ်။ မဆုံတာကြာပြီဖြစ်လို့ မိသားစုနဲ့အတူ တစ်နေ့လုံး အချိန်ကုန်ဆုံးဖြစ်ကြတယ်။ ညရောက်တော့ Yuri က Tae ရဲ့အခန်းထဲကို ဝင်လာတယ်။
Yuri: "P "
Tae: "ဘာကိစ္စလဲ"
Yuri: "ဟွန့်..ညီမလေးတစ်ယောက်ပဲရှိတာကို တစ်ခါမှ ငြင်ငြင်သာသာမပြောဘူး"
Tae: "Khrap ပြောပါဗျ။ ရပြီလားးး"
Yuri: "မရွဲ့နဲ့လေ"
Tae: "P ဒီနေ့စိတ်မကြည်ဘူး Yuri..မနက်ဖြန်မှပြောရအောင်"
Yuri: "ဘာလို့လဲ Nကြောင့်လား"
Tae: "မဟုတ်ပါဘူး"
Yuri: "P ချစ်သူကြောင့်လား"
Tae: "..."
Yuri: "P...တစ်ကယ်ပဲ ချစ်သူရှိနေတာလား။ ဘယ်သူလဲ ချောလား။ အဲ့မမက ဘယ်လိုပုံစံလဲ"
Tae: "ချစ်သူတွေတော့ မဖြစ်သေးပါဘူး"
Yuri: "P ဘက်က လိုက်နေတုန်းပေါ့"
Tae: "အင်း"
Yuri: "ဒါဆို Yuri အောင်သွယ်ပေးမယ်လေ။ အဲဒီမမပုံပြ"
Tae: "မမ မဟုတ်ဘူး Yuri နဲ့အသက်အတူတူပဲ။ ပြီးတော့ မိန်းကလေးမဟုတ်ဘူး ယောက်ျားလေး"
YOU ARE READING
Heart of Melody
Fanfictionအချစ်ဆိုတာ လူတိုင်းမှာရှိပါတယ်။ ၅၂၈၊ ၁၅၀၀ စတဲ့အချစ်တွေကို ခံစားတတ်ဖို့ နှလုံးသားတစ်စုံတော့ လူတိုင်းမှာ ရှိကြတာ သဘာဝပါ။ ဒီ Fic လေးထဲမှာ နှလုံးသား၆စုံရဲ့ မတူညီတဲ့ ရင်ခုန်သံတွေကို နားထောင်လိုက်ရအောင်။ ...