Heart of Melody
အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးထဲမှာ Goxxd နဲ့ Tae လူတစ်ယောက်ကို စောင့်ဆိုင်းနေကြတယ်။ ထိုသူကတော့ Tae ရဲ့ချစ်သူ Tee ပါပဲ။ လေယာဉ်ဆိုက်ကပ်ပြီးမကြာဘူး Tae တို့နားကို လျှောက်လှမ်းလာတဲ့ Tee ကတော့ သူ့ရဲ့မူပိုင်အပြုံးတစ်ပွင့်နဲ့။ ဆေးရုံအလုပ်တွေရှိသေးတာကြောင့် Cop သတိပြန်ရလာတာနဲ့ ချက်ချင်းပြန်လာတဲ့ Tee ကို Tae နဲ့ Goxxd ကလာကြိုခြင်း။
Tae: "အရမ်းလွမ်းနေခဲ့တာ"
Tee: "P ကလဲ တစ်လလေးကို"
Tae: "ကို့ကိုရော မလွမ်းဘူးလား"
Tee: "ဟီးး လွမ်းတာပေါ့"
ကလေးပေါက်စလေးလို တစ်ဟီးဟီးနဲ့ ပြောင်ပြနေတဲ့ Tee ကို Tae တစ်ယောက် ပါးကိုဆွဲဖျစ်ရင်း ဖက်လိုက်တော့ ဘေးနားကနေ Goxxd ရဲ့ချောင်းဆိုးသံကြီးထွက်လာတယ်။
Goxxd: "အဟမ်းးး ကျွန်တော်လဲ ဒီမှာရှိပါသေးတယ်ခင်ဗျ"
Tee: "ဟီးး P Goxxd ကလဲ သူများအတွဲသာယာနေတာကို"
Tae: "အဲ့ကောင်က အနှောင့်အယှက်"
Tee: "P Tae Khrap..ဘာလို့ P Goxxd ကိုပြောနေတာလဲ..စိတ်မကောင်းဖြစ်သွားဦးမယ်"
Goxxd: "ပြောပေးပါဦးကွာ"
Tae: "ဒီရုပ်လား စိတ်မကောင်းဖြစ်တာ...N Bas နဲ့ သူ့အိမ်ကသဘောတူလိုက်လို့ အပျော်လွန်တဲ့ရုပ်ကိုလေ"
Tee: "ဗျာ..တစ်ကယ်လား"
Goxxd: "ဟုတ်တယ် Por က P ခံစားနေရတာကို မကြည့်ရက်တော့လို့တဲ့"
Tee: "ဟာ ဝမ်းသာစရာပဲဗျ..Ai Bas သိပြီးပြီလား"
Goxxd: "Baby က P ဖုန်းဆက်တာမကိုင်ဘူး"
Tee: "ကျွန်တော်အခုဆက်လိုက်မယ်"
Tae: "ဟိုးးးမဆက်နဲ့တော့ Goxxd မနက်ဖြန်ဆိုလိုက်သွားမှာပဲ"
Goxxd: "Ai Kim ဆီတော့ဖုန်းဆက်ပြီးပါပြီ ဒီတိုင်း Cop ကိုလာကြည့်မယ်ပဲပြောထားတာ။ အိမ်ကသဘောတူလိုက်ပြီဆိုတာတော့ ကိုယ်တိုင်ပဲ ပြောတော့မယ်"
YOU ARE READING
Heart of Melody
Fanficအချစ်ဆိုတာ လူတိုင်းမှာရှိပါတယ်။ ၅၂၈၊ ၁၅၀၀ စတဲ့အချစ်တွေကို ခံစားတတ်ဖို့ နှလုံးသားတစ်စုံတော့ လူတိုင်းမှာ ရှိကြတာ သဘာဝပါ။ ဒီ Fic လေးထဲမှာ နှလုံးသား၆စုံရဲ့ မတူညီတဲ့ ရင်ခုန်သံတွေကို နားထောင်လိုက်ရအောင်။ ...