Heart of Melody
မနက်ခင်းနေရောင်ခြည်နဲ့အတူ နိုးထလာတဲ့ကောင်လေးတစ်ယောက်။ ယောကျာ်းလေးလို ခန့်ညားမှု၊ မိန်းကလေးလို ချောမောလှပခြင်းပါ ပိုင်ဆိုင်ထားတဲ့မျက်နှာပိုင်ရှင်။ အဖြူရောင်တီရှပ်နဲ့ ဘောင်းဘီတိုအမည်းလေးကြောင့် ပေါ်လွင်နေတဲ့ ဖြူဝင်းနေတဲ့အသားအရေ ပိုင်ဆိုင်ထားသူ။ အိပ်ယာကနိုးထတာနဲ့ ပြုံးလိုက်တဲ့ အပြုံးလှလှတစ်စုံကြောင့် ကမ္ဘာကြီးတစ်ခုလုံးလှပသွားသလိုပဲ။ လူတစ်ချို့ပြောတာတော့ အပြုံးတစ်ခုနဲ့တင် ရောဂါတစ်ဝက်သက်သာစေမယ့် ဆရာဝန်လောင်းလေး Tee Jaruji။ သူငယ်ချင်းနှစ်ယောက်ကို အမြဲတမ်းပျော်ရွှင်အောင် စနောက်နေသူ။ ဒီနေ့ သူငယ်ချင်းဖြစ်သူ Copter လာခေါ်မယ်ဆိုလို့ ပြင်ဆင်ပြီး မနက်စာစားပွဲမှာ မနက်စာစားရင်း ထိုင်စောင့်နေတယ်။ Mr Jaruji နဲ့ Mrs Jaruji တို့လဲ နံနက်စာစားပွဲမှာ ရှိနေလေရဲ့။
Mrs Jaruji: "သားငယ် ဒီနေ့ကျောင်းမသွားဘူးလား"
Tee: "Khrap Mae..Ai Bas မိဘတွေရဲ့နှစ်ပတ်လည် သွားမလို့"
Mrs Jaruji: "ဘာလိုလိုနဲ့ သား Basလေးရဲ့မိဘတွေဆုံးတာ ၁၀နှစ်တောင်ရှိနေပြီ"
Mr Jaruji: "ဟုတ်ပါ့ကွာ သားကလဲ သူငယ်ချင်းကို လိုအပ်တာတွေ ကူညီပေးလိုက်နော်"
Tee: "Khrap Por"
မနက်စာစားပြီးရုံရှိသေးတယ် ခြံရှေ့မှာ ကားဟွန်းတီးသံကြားလို့ ဖုန်းနဲ့ပိုက်ဆံအိတ်ယူပြီး ခြံအပြင်ကိုထွက်လာတယ်။ ကားထဲကနေ Tee ကိုမြင်မှ ကားမှန်ချလိုက်တဲ့ Copter ကိုကြည့်ရင်း Tee တစ်ယောက် ပြုံးပြီးတစ်ဖက်က Lover seat မှာ ဝင်ထိုင်လိုက်တယ်။
Tee: "ဘာလို့ အိမ်ထဲမဝင်တာလဲကွ"
Cop: "နောက်မှဝင်မယ် အခုတော့ Ai Bas ဆီသွားရအောင်"
Tee: "အေး"
ဒီလိုနဲ့ ကောင်လေးနှစ်ယောက် စီးနင်းလာတဲ့ ကားလေးက လမ်းမကြီးအတိုင်း သွားနေတယ်။ ခြံကျယ်ကြီးတစ်ခုရှေ့ရောက်တော့ ကားဟွန်းတီးသံကြားရပြန်တယ်။ ခြံစောင့်ကြီးတံခါးလာဖွင့်ပေးလို့ ကားလေးကို ခြံထဲမှာနေရာချပြီး အိမ်ထဲကိုဝင်လာကြတယ်။ ကားသံကြားလို့ အိမ်ပေါ်ထပ်ကနေ ပြေးဆင်းလာပြီး အိမ်ပေါက်ဝမှာရပ်စောင့်နေတဲ့ Bas။ ဧည့်သည်တွေကို ဖိတ်မနေဘဲ အိမ်ကလူတွေနဲ့ သူငယ်ချင်းနှစ်ယောက်ကိုပဲဖိတ်ပြီး တရားနာရေစက်ချဖြစ်ကြတယ်။ သံဃာငါးပါးကို လှူဖွယ်ပစ္စည်းတွေ ကပ်လှူရင်း အမျှအတန်းတွေ ပေးဝေကြတယ်။ ကိစ္စတွေပြီးတော့ သူငယ်ချင်းသုံးယောက် ခြံထဲက ပန်းခြံလေးထဲမှာထိုင်ပြီး စကားပြောနေကြလေရဲ့။
YOU ARE READING
Heart of Melody
Fanfictionအချစ်ဆိုတာ လူတိုင်းမှာရှိပါတယ်။ ၅၂၈၊ ၁၅၀၀ စတဲ့အချစ်တွေကို ခံစားတတ်ဖို့ နှလုံးသားတစ်စုံတော့ လူတိုင်းမှာ ရှိကြတာ သဘာဝပါ။ ဒီ Fic လေးထဲမှာ နှလုံးသား၆စုံရဲ့ မတူညီတဲ့ ရင်ခုန်သံတွေကို နားထောင်လိုက်ရအောင်။ ...