Heart Of Melody
ဖုန်းကိုကြည့်ပြီး ပြုံးနေတဲ့ Tee ကိုကြည့်ရင်း Tae ကမေးလိုက်တယ်။
Tae: "N ဘာတွေသဘောကျနေတာလဲ"
Tee: "Ai Bas ဖြစ်နေမယ့်ပုံကို မြင်ယောင်ရင်း သဘောကျနေတာ"
Tae: "N Bas ကဘာဖြစ်လို့လဲ"
Tee: "ဒီလို Pရဲ့.."
Tee ပြောတဲ့ စကားတွေကြားပြီး Tae လဲ သဘောတကျရယ်နေလေရဲ့။ တစ်ဖက်မှာတော့ Bas တစ်ယောက် ဆေးရုံကို စိုးရိမ်တကြီးနဲ့ သွားနေတယ်။ ဆေးရုံကိုရောက်တာနဲ့ Cop တို့ဆီအရင်သွားလိုက်တယ်။ အခန်းရှေ့ရောက်တော့ အခန်းတံခါးဖွင့်လိုက်တာနဲ့ Cop ဘေးနားကကုတင်မှာ Goxxd ရှိနေတာမြင်ရတော့ ဝမ်းနည်းပြီး ငိုပါလေရော။ Bas တစ်ယောက် Goxxd လဲလျောင်းနေတဲ့ နေရာကိုတစ်ရွေ့ရွေ့လျှောက်လာရင်း မျက်ရည်တွေစီးကျနေလေရဲ့။ ထိုအချိန်မှာ ဘေးနားကနေ Cop နဲ့ Kim ရဲ့ရယ်သံကြီး ထွက်လာတယ်။ Kim နဲ့ Cop ရဲ့ရယ်သံနဲ့အတူ Bas ရဲ့လက်တစ်ဖက်ကို ဆွဲယူခြင်းခံလိုက်ရလို့ လှည့်ကြည့်တော့ Goxxd က Bas ကိုပြုံးပြီး ကြည့်နေလေရဲ့။ Goxxd တို့စနောက်နေမှန်းလဲသိရော Bas တစ်ယောက် ရှက်သွားပြီး ပြန်ထွက်သွားဖို့လုပ်နေလို့ Goxxd ကအတင်းဆွဲဖက်ထားတယ်။ ရင်ခွင်ထဲကနေရုံးကန်နေတဲ့ Bas ကြောင့် Goxxd တောင်းပန်စကားဆိုလိုက်တော့ ငြိမ်သက်သွားတယ်။
Goxxd: "ကို တောင်းပန်ပါတယ်..မင်းကိုထားခဲ့မိလို့..ကိုတောင်းပန်ပါတယ်..အခုလိုစနောက်မိလို့..ကိုက Baby ကို့ကိုချစ်နေသေးလားဆိုပြီး စမ်းသပ်လိုက်တာပါ..ကိုအခုထိမင်းကို ချစ်နေသေးတယ်..ကိုထပ်ပြီး မင်းကိုအဆုံးရှုံးမခံနိုင်တော့ဘူး..Baby..ကို့ကိုလက်ထပ်ပါ"
ပြောရင်းနဲ့ ဒူးတစ်ဖက်ထောက်လာတဲ့ Goxxd ကြောင့် Bas လန့်သွားတယ်။ ဘယ်အချိန်ကတည်းက ပြင်ဆင်လာမှန်းမသိတဲ့ လက်စွပ်လေးနှစ်ကွင်းကတော့ ကတ္တီပါဘူးလေးထဲမှာ လှပနေလေရဲ့။
Bas: "P ရဲ့မိဘတွေက.."
Cop: "P Goxxd အဖေက သဘောတူလိုက်ပြီမို့ P Goxxd ကမင်းဆီလိုက်လာတာ"
YOU ARE READING
Heart of Melody
Fanficအချစ်ဆိုတာ လူတိုင်းမှာရှိပါတယ်။ ၅၂၈၊ ၁၅၀၀ စတဲ့အချစ်တွေကို ခံစားတတ်ဖို့ နှလုံးသားတစ်စုံတော့ လူတိုင်းမှာ ရှိကြတာ သဘာဝပါ။ ဒီ Fic လေးထဲမှာ နှလုံးသား၆စုံရဲ့ မတူညီတဲ့ ရင်ခုန်သံတွေကို နားထောင်လိုက်ရအောင်။ ...