ရင်းနှီးချင်တယ်

1.1K 37 5
                                    

မနက်ကျောင်းသို့စောစောသွားရန်ပြင်ဆင်လိုက်
Leonကတော့ညကgameဆော့တာများသွားတော့ မနက်အိပ်ယာထနောက်ကျသည်
Noticeဘုတ်ပေါ်တွင်စာတိုလေးရေးပြီးထွက်လာခဲ့လိုက်သည်
Leonအကူအညီဖြင့်သွားရလာရတာအဆင်ပြေသလောက်ရှိသည်
မြေအောက်ရထားဖြင့်ကျောင်းသွားရတာက bus carထက်အဆင်ပြေသည်
အခက်အခဲကတော့လူနည်းနည်းများတာပဲဖြစ်သည်
မနက်ရုံးတက်ချိန်ဆိုတော့လူများတက်သဖြင့် စောစောသွားရန်ဆုံးဖြတ်ခဲ့ရသည်

ကျောင်းဝန်းထဲသို့လမ်းလျောက်ရင်း လေကောင်းလေသန့်ကိုရှူရှိုက်လိုက်သည်
စိတ်ထဲမှာတော့ဂျီမင်းကိုတောင်သတိရလိုက်မိသည်
ငယ်သူငယ်ချင်းဖြစ်သည့်အတွက် တစ်ခုခုဆိုတိုင်ပင်ဖော်လဲရသည်
အခုကိစ္စကိုတော့ဘယ်သူ့ကိုမှလဲမပြောရ မတိုင်ပင်ရသေးပေ
ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ပင် ဘာမှန်းသေချာမသိသေးလို့ပင် ဖြစ်သည်

ဟိုဝေးဒီတွေးနှင့်လျှောက်လာခဲ့တာ ကျောင်းဆင်ဝင်အောက်သို့ ရောက်ခဲ့သည်
ကျောင်းတွင်ကျောင်းသားများအနည်းငယ်သာရှိသည်
မျက်နှာတွင်အပြုံးသယောင်တစ်ခုကိုချိတ်ဆွဲလျက် ကျောင်းထဲသို့ဝင်လာခဲ့လိုက်သည်

တွေ့ပါပြီ
ဘယ်သူလဲ ဘာလို့ဒီလောက်ထိတူနေတာလဲ ကျွန်တော့်ကိုရောမသိဘူးလား
စိတ်ထဲတွင်ကိုယ့်ဘာသာမေးရင်းသူ့ရှေ့သို့ရောက်လာခဲ့သည်

"ကို. .
အမ် ဒေါက်တာဂျွန် မင်္ဂလာပါ"

နှုတ်ဆက်လိုက်သောအခါ အဓိပ္ပါယ်ဖော်မရသော အကြည့်များဖြင့်လှည့်လာသော မျက်ဝန်းတစ်စုံ
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

အိမ်သို့ရောက်သောအခါ ရေချိုးရန်ပြင်ဆင်လိုက်သည်
တစ်နေကုန်ပင်ပန်းထားသမျှ ပြေပျောက်သွားသည်
ထို့နောက်လုပ်လက်စစာတမ်းတစ်ခုကို အမြန်ဆုံးပြီး ရန်အတွက် laptopကိုဖွင့်လိုက်သည်
သမ်းဝေလာသည့်အတွက်နာရီကိုကြည့်လိုက်သောအခါ ၁နာရီပင်ရှိသည်
ထို့ကြောင့်အလုပ်ကိုပြန်လက်စသတ်လိုက်ပြီ အိပ်ယာပင်ဝင်လိုက်သည်

အတွေးတွေထဲမှာအလုပ်ကိုအမြဲနံပါတ်တစ်ပေးထား ပေမယ့်အခုတစ်ခါမှာတော့..............

 အချစ်မရှိသောသူနှင့်အမုန်းမရှိသောကျွန်တော်Where stories live. Discover now