ဂျုံးဂုနဲ့နှုတ်ဆက်ပီးနောက်ထယ်ယောင်းသည်တိုက်ခန်းပေါ်သို့တက်သွားခဲ့သည်
ထို့နောက်ဂျုံးဂုလဲကားမောင်းပီးထွက်လာခဲ့သည်
ဂျုံးဂုကားလေသည်ထွက်လာသောအခါဂျင်သည်ကားထဲရှိဂျုံးဂုအားသေချာလိုက်ကြည့်နေလိုက်သည်"ဟယ်သားငယ်လေးပြန်လာပီလား"
"အင်းဟုတ်တယ်မေမေ
ဒါနဲ့ကိုကိုရော"ထယ်ယောင်းသည်အထုပ်တွေအားချကာဧည့်ခန်းထဲရှိထိုင်ခုံတွင်ဝင်ထိုင်ပီးမေးလိုက်သည်
"ဟုတ်တယ်သားကိုကိုပြန်မလာသေးဘူး
ဒါနဲ့အလုပ်တွေကပီးပီလားသား""ပီးပါပီမေမေရဲ့အခုသားကနယ်ဘက်တွေတောင်သွားစရာမလိုတော့ဘူးဆိုလ်းမှာပဲလုပ်ရတော့မှာ"
"ဟုတ်လားဝမ်းသာလိုက်တာ"
ထယ်ယောင်းနဲ့သူအမေစကားပြောနေချိန်တွင်ဂျင်သည်အိမ်ထဲသို့ဝင်လာသည်
"ဟောသားကြီးတောင်ပြန်လာပီ"
"ကိုကိုနောက်ကျလှချည်လားပြောဘယ်ကောင်မလေးနဲ့သွားချိန်းတွေ့နေတာလဲ"
ဂျင်သည်ထယ်ယောင်းဘေးတွင်ဝင်ထိုင်လိုက်ပီး
"မတွေ့ပါဘူးဂျီမင်းနဲ့သောက်ပီးပြန်လာတာ"
ဂျင်မှပြောလိုက်သောအခါထယ်ယောင်းသည်
"ဘာ. ဘာတွေပြောခဲ့ကြလဲ"
"ဒီလိုပါပဲမတွေ့တာကြာလို့
ဒါနဲ့အလုပ်ကဘယ်လိုလဲအဆင်ပြေလား""ပြေပါတယ်ဘာဖြစ်လို့လဲကိုကို"
"ဘာမှမဟုတမပါဘူးငါ့ညီလေးမျက်နှာကအရမ်းလန်းဆန်းနေလို့"
"ဟာကိုကိုကလဲထင်လို့ပါအခုညီကဆိုလ်းမှာပဲလုပ်ရတော့မှာလေအဲ့ဒါကြောင့်"
"ဟုတ်တယ်သားအခုပဲသားမလာခင်အဲ့အကြောင်းပြောနေတာ"
"ကဲကဲနားကျတော့နောက်ကျနေပီ"
ထယ်ယောင်းအမေပြောလိုက်သောအခါထယ်ယောင်းသည်အဝတ်ထုတ်ကြီးအားကိုင်ကာအခန်းထဲသို့ဝင်သွားလေသည်
ဂျင်လဲထယ်ယောင်းအခန်းထဲသို့လိုက်လာခဲ့သည်
YOU ARE READING
အချစ်မရှိသောသူနှင့်အမုန်းမရှိသောကျွန်တော်
Romancetypingမှားရင်သည်းခံပီးဖတ်ပေးပါနော်