ဇဝေဇဝါ နဝေတိမ်တောင် လန်လေးကောင်

4.4K 430 6
                                    

//Zaw//

''မင်းကလည်းသေရောသေချာရဲ့လားကွာ အမြင်မှားတာကောမဖြစ်နိုင်ဘူးလား''

ဇီကျင်းကယပ်တောင်တဖျက်ဖျက်ခပ်ရင်းသူ့ဘေးနားကစစ်ကျွေးကိုပြောနေသည်။

စစ်ကျွေးကတော့မျက်မှောင်ကုတ်ပြီးအသာဆိုသည်။

''သေချာတယ် ဇီကျင်းရ ငါသေချာကြည့်လိုက်တာ ဟန်ကွမ်ကျွင်းကကျင်းရီကိုကြည့်နေတာဟုတ်လည်းဟုတ်တယ် ဟုတ်လည်းမဟုတ်ဘူး ''
ဇီကျင်းကမျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်ရင်းစစ်ကျွေးပြောတာကိုနားမလည်သယောင်ပြုနေသည်။

ကျင်းလင်ကလည်းမနေနိုင်စွာဝင်ပြောလေသည်။

''စစ်ကျွေးရာ မင်းစကားကြီးကဘာတုန်းတစ်ခုဆိုတစ်ခုသေချာပြောလေ ဟန်ကွမ်ကျွင်းကပြုံးနေလို့ထူးဆန်းပါတယ်ဆိုမှမင်းကပါဘာတွေပြောနေမှန်းမသိဘူး ''

ကျင်းလင်ကဆူဆူအောင့်အောင့်ပြောပြီးသူ့ဘေးမှာထိုင်နေတဲ့ကျင်းရီကိုကြည့်လိုက်တယ်။ကျင်းရီခင်မျာ လန်ဝမ်ကျိ၏အပြုံးအောက်မှာကျဆုံးသွားပုံရပါသည်။မျက်နှာကိုရောင်စုံမီးလုံးနဲ့ထိုးထားသလိုနီလိုက်ဝါလိုက်ပြာလိုက်နဲ့သံသရာလည်နေသည်။အခုထိအိမ်မက်ကမ္ဘာမှာလမ်းလျှောက်နေသူလိုမျိုးယောင်တောင်တောင်ဖြစ်နေသည်။

ကျင်းလင်ကသူ့လက်ကိုအသာလှုပ်ကာအသိဝင်အောင်ပြောရှာသည်။

''ကျင်းရီ လန်ကျင်းရီ ဟေ့ကောင် ကျင်းရီလို့ ထဦးလို့''

''…………''

ကျင်းရီအားနှိုးနေသည့်ကျင်းလင်ပုံမှာအိပ်မောကျနေသောမိခင်ဖြစ်သူအားအတင်းလှုပ်နှိုးနေသောဗိုက်ဆာနေ၍နှုတ်ခမ်းကြီးဆူနေသည့်ကလေးသဖွယ်ဖြစ်နေသည်။ဇီကျင်းနဲ့စစ်ကျွေးတောင်ဘာရယ်မဟုတ်ရယ်မိကုန်ကြသည်။

ကျင်းလင်ကသတိထားမိပုံမပေါ်။နှိုးကောင်းဆဲဖြစ်သည်။ကျင်းရီကလည်းသတိဝင်သေးသည့်ပုံမပေါ်။

''ဟေ့ကောင် ကျင်းရီ ကျွတ် သေနာကောင်လန်မျိုးရိုးကျင်းရီရဲ့ ဟုတ်ပြီလား ဟွန်း''

ကျင်းလင်အသံကအတော်လေးကျယ်သွားသဖြင့်ဇီကျင်းတို့နှစ်ယောက်သားလန့်ကုန်ကြသည်။မတော် လန်ချီရမ်ရောက်လာခဲ့လျှင်တိမ်လွှာနန်းမြိုင်၌ဆဲရေးခြင်းအမှုကိုပြုနေသည့်ကျင်းလင်နဲ့မိမိသြဝါဒပေးနေသည်ကိုဘာမှမကြားဟန်ပြုနေသည့်ကျင်းရီနဲ့ ထိုနှစ်ယောက်အားလူမိုက်အားပေးလုပ်နေသလိုပုံပေါက်နေသောကျန်နှစ်ယောက်အားမတားရကောင်းလားပုဒ်မဖြင့်လေးယောက်စလုံးကြွကုန်လိမ့်မည်။

MDZS မှဇာတ်ကောင်များတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြည်နူးစွာဂျင်းထည့်ကြပုံ(Zaw+Uni)Where stories live. Discover now