ဝေဝူရှင်းပုစိ၏အမှန်တရားကိုသိမြင်နားလည်ခြင်း

4.3K 492 18
                                    

//Zaw//

''ကောင်းတယ် အရမ်းကောင်းတယ် သိပ်ကိုကောင်းတယ် ငါမဝသေးဘူးနော် ထပ်ထည့်လို့ရသေးတယ်မဟုတ်လား လန်ကျန့်''

ဝေဝူရှင်းတစ်ယောက်အမေမွေးကတည်းကဘာမှမစားရမသောက်လိုက်ရသဖြင့်သေဆုံးသွားသောဖုတ်သရဲဝင်ပူးနေသကဲ့သို့နီနီရဲရဲငရုတ်သီးနိုင်းချင်းစွတ်ပြုတ်ဟင်းလျာကိုအားရပါးရကိုစားသောက်နေသည်။ဘေးကထိုင်ကြည့်နေတဲ့ဝမ်ကျိကဝေ့ရင်းတစ်ယောက်ဘယ်အချိန်အစပ်သီးပြီးချောင်းထဆိုးမလဲဆိုတာရင်တမမနှင့်ကြည့်နေသည်။နောက်မနေနိုင်သည့်အလားစောဒကတတ်စွာပြောလာသည်။

''ဝေ့ရင်း တော်သင့်ပြီ အစပ်တွေအရမ်းမစားစမ်းနဲ့''

ဝေ့ဝူရှင်းကနှုတ်ခမ်းကြီးဆူပြီးပြန်ရန်တွေ့သည်။

''မင်းကလည်း ငါအစပ်ကြိုက်တာသိနေရဲ့သားနဲ့ပြီးတော့ဝမှမဝသေးတဲ့ဟာလန်ကျန့် ထပ်စားချင်တယ်လို့''

ဝမ်ကျိကမျက်မှောင်ကျုံ့ပြီး

''ဒါပေမဲ့ မင်းသုံးပန်ကန်တောင်ရှိနေပြီလေ
ဗိုက်တွေနာလိမ့်မယ်''

ဝေဝူရှင်းကထော်နေတဲ့နှုတ်ခမ်းကိုပိုထော်အောင်ဆူပြီးဆောင့်ဆောင့်အောင့်အောင့်နဲ့ပြောသည်။

''လန်ကျန့် မင်းကငါ သုံးပန်ကန်ပြည့်သွားလို့ရပ်ခိုင်းတာလား အရင်ကဆိုငါသေအောင်စားနေတာတောင်မင်းကထိုင်ကြည့်နေတာကို အခုမှဘာအချိုးတွေပြောင်းနေတာလဲ ငါတကယ်မကြိုက်ဘူး စိတ်တိုလာပြီ ''

''ငါအချိုးပြောင်းနေတာမဟုတ်ဘူး''

''အာ့ဆိုဘာဖြစ်နေတာတုန်း ဒီတစ်ပန်းကန်စားပြီးရင် ငါဒီအိပ်မက်ကနေနှိုးပြီ မင်းလည်းမြန်မြန်ထရအောင် လို့ငါစားနေတာ''

''ဝေ့ရင်း''

''ဘာတုန်း''

ဝေဝူရှင်းကပြန်ထူးပြီးဝမ်ကျိရှိရာဘက်ကိုလှည့်ကြည့်လိုက်တော့လန်ကျန့်ကြည့်ရတာတစ်ခုခုကိုပြောသင့်မပြောသင့်စဉ်းစားနေတဲ့ပုံပေါ်နေတယ်။ဝေဝူရှင်းမျက်မှောင်ကျုံ့သွားသည်။

''လန်ကျန့် ဘာ ဘာဖြစ်လို့တုန်း''

ဝမ်ကျိကနှုတ်ခမ်းတလှုပ်လှုပ်ဖြစ်နေသည်။ဝေဝူရှင်းအားမလိုအားမရဖြစ်နေသည်။

MDZS မှဇာတ်ကောင်များတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြည်နူးစွာဂျင်းထည့်ကြပုံ(Zaw+Uni)Where stories live. Discover now