အပျိုကြီး၏၁၃နှစ်စာကလဲ့စား-Final

4.2K 417 15
                                    

//Zaw//
''ဗျို့အကိုတော်ဝေ ချစ်အကိုကြီး''

''လေးလေး ဦးရီးတော်''

''နောင်တော်ဝေ ကိုကိုရှန်း''

ဝေဝူရှင်းနဲ့ကျန်းချန်နှစ်ယောက်သားမျက်မှောင်ကျုံ့မိကြသည်။''ဒီသောက်ကလေးတွေဟာလုပ်ချင်ရာလုပ်ပြီးတော့ အခုမှလေချိုလာသွေးနေတယ်''ဟုဝေဝူရှင်းတွေးပြီးလက်ပိုက်ကာမျက်နှာကြောကိုတတ်နိုင်သမျှတင်းထားသည်။

လေးကောင်သားအထဲဝင်လာကြသည်။
ကျန်းချန်ကမျက်လုံးဝေ့ကြည့်တော့လေးယောက်လုံးကဝေဝူရှင်းကိုမြေမြှုပ်ခဲ့တာသူတို့မဟုတ်သလိုပြုံးရယ်ပြီးမျက်နှာပြောင်နေကြသည်။

''ကျန်းဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်''
စစ်ကျွေး ကျင်းရီနဲ့ဇီကျင်းကအတူဆိုလာတော့ကျန်းချန်ကခေါင်းတစ်ချက်ငြိမ့်ပြသည်။စစ်ကျွေးကိုကျန်းချန်ကမသိမသာအကဲခတ်ပြီးတွေးမိသည်။

(ထင်တောင်မထင်ရဘူး ဝေဝူရှင်းစိတ်နာချင်လည်းနာချင်စရာ အင်းလေ သူ့အလှည့်တုန်းကလည်းမြေမြှုပ်ခံရတယ်ဆိုတော့ သူလည်းပြန်မြှုပ်ချင်ရှာမှာပေါ့ ဒီသောက်ကောင်ကိုကသူ့အပြစ်သူမသိဘဲသောက်ပိုလာလုပ်နေတာ လန်ဝမ်ကျိတစ်ယောက်ကလည်း ဒီကောင့်ကိုဘာကြည့်ပြီးသည်းသည်းလှုပ်မှန်းမသိဘူး)

ကျန်းချန်ကစကားစသည်။

''နေပါဦး မင်းတို့ဒီအချိန်ကြီးဘာလာလုပ်တာတုန်း ဟန်ကွမ်ကျွင်းကရောဘယ်မလဲ''

ကျင်းရီကသွက်သွက်လက်လက်နဲ့ဖြေလာသည်။

''အဲ့ကိစ္စကြောင့်ပဲကျွန်တော်တို့ဒီရောက်နေတာပေါ့ ဟန်ကွမ်ကျွင်းခိုင်းတာလာလုပ်ရင်းလူတစ်ယောက်ကိုလာချော့တာ ဟုတ်တယ်မလား စစ်ကျွေး''

စစ်ကျွေးတစ်ယောက်မှာလည်းမြေဖို့သည့်အစီအစဉ်၏ဦးဆောင်သူဟုမထင်ရလောက်အောင်အပြုံးအေးအေးလေးနဲ့ပြောလာသည်။

''ဟုတ်တယ် ကျွန်တော်တို့လေးယောက်လုံးသူမရှိရင်မနေနိုင်လို့ အခုဒီကိုအရောက်လာပြီးလာချော့တာပါ''

ကျန်းချန်စိတ်ပေါက်ပေါက်နဲ့တွေးမိသည်။
(ချော့ရင်လည်းမြန်မြန်စိတ်ဆိုးပြေအောင်ချော့ပြီးခေါ်သွားကြတော့ ငါ့မှာ ညဘက်ညဘက်ကောင်းကောင်းကိုမအိပ်ရဘူး)

MDZS မှဇာတ်ကောင်များတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြည်နူးစွာဂျင်းထည့်ကြပုံ(Zaw+Uni)Where stories live. Discover now