ယောက်ဖအကူအညီဖြင့်ယောက်ဖအားဂျင်းထည့်ခြင်း

4.2K 371 18
                                    

//Zaw//

ဒီတစ်ခါတော့နှစ်ယောက်သားတံတိုင်းမွှေးပင်အောက်မှာထိုင်နေကြသည်။ဝမ်ကျိပေါင်ပေါ်ဝေ့ရင်းကခေါင်းတင်ရင်းမျက်လုံးမှိတ်ပြီးစဉ်းစားခန်းဝင်နေသည်။ဝမ်ကျိကစာဖတ်နေရင်းဝေ့ရင်းခေါင်းလေးကိုပုတ်ပေးနေသည်။တစ်ချက်တစ်ချက်ဝေ့ရင်းကမျက်မှောင်ကျုံ့သွားတော့ဝမ်ကျိကမျက်ရိုးနားလေးတွေကိုနှိပ်နယ်ပေးနေသည်။

''သိပြီ သိပြီ ငါဘာလုပ်ရမလဲဆိုတာစဉ်းစားလို့ရသွားပြီ''

ပြောပြောဆိုဆိုနဲ့ဝေ့ရင်းကထထိုင်သည်။မျက်နှာမှာတော့သူ့အကြံအစည်ကိုကျေနပ်အားရပုံပေါ်နေသည်။

''ဘယ်လိုများလဲ''

ဝမ်ကျိကမျက်နှာသေနဲ့ပြောလာသည်။ဝေ့ရင်းကခေါင်းတညိတ်ညိတ်နဲ့သူ့ဘက်လှည့်လာသည်။

''လန်ကျန့် မင်းအကိုဆီသွားရအောင် အဲ့ရောက်မှပြောပြမယ်''

''အခုပြောလို့မရဘူးလား''

ဝေ့ရင်းကလက်ညှိုးလေးတစ်ရမ်းရမ်း ခေါင်းလေးတခါခါလုပ်ပြီးပြောသည်။

''ဟင့်အင်း ဟင့်အင်း ပြောလို့မရဘူး ဟိုရောက်ရင်ပြောပြပါမယ်ဆို မလောပါနဲ့ တစ်ခုတော့ပြောထားမယ် မင်းအကိုနဲ့ငါစကားပြောနေတုန်းမင်းဘာမှဝင်မပြောနဲ့နော် နောက်မှငါရှင်းပြမယ် ဟုတ်ပြီလား''

''အင်း''

''လိမ္မာတယ် လာ ထ သွားရအောင်''
ဝေ့ရင်းက ဝမ်ကျိကိုထူမပြီးနှစ်ယောက်သားရှီးချန်ဆီသွားကြသည်။ဝေဝူရှင်းမှာမိမိ၏အကြံအစည်အားတွေးတောရင်းတပြုံးပြုံးဖြစ်နေသည်။သူ၏အကြံအစည်မှာကား

ကျန်းချန်

ငယ်စဉ်ကတည်းကအမေဖြစ်သူနှင့်စရိုက်ကတူသဖြင့်စိတ်ကလက်တစ်ဆစ်မပြည့်။အမြဲတစေလိုလိုမျက်မှောင်ကျုံ့နေပြီးစကားကိုတုတ်ထိုးအိုးပေါက်ကတ်ကတ်လန်ပြောသည်။သူ့အားရိသဲ့သဲ့လာလုပ်သူ သို့ မထီလေးစားလုပ်သူကို စိတ်ရှိတိုင်းမထင်ရင်မထင်သလိုကြာပွတ်နှင့်ဆော်သည်။ဒီလောကမှာသူကြောက်သည့်သူတစ်ယောက်မှမရှိဟုသတ်မှတ်ထားသည်။သို့သော် သို့သော် ရှီးချန်ကတော့ ချွင်းချက်။

MDZS မှဇာတ်ကောင်များတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြည်နူးစွာဂျင်းထည့်ကြပုံ(Zaw+Uni)Where stories live. Discover now