ကလေးပုစိဘဝမှကျွတ်လွတ်အောင်စဉ်းစားပါသော်ငြားလည်း

4.1K 517 29
                                    

//Zaw//
''အသေးစိတ်ပြောပြပါဦး''

ဝမ်ကျိကမေးလာတော့တရှုပ်ရှုပ်ငိုနေတဲ့ဝေ့ရင်းကမျက်ရည်စက်လက်တို့ကိုလက်နဲ့ဖယ်သုတ်သည်။စစ်ကျွေးတို့လေးယောက်ကလည်းနေ့ချင်းညချင်းဘဝတစ်ပါးသို့ကူးပြောင်းသွားရှာသောဝေဝူရှင်း၏ထူးခြားဆန်းကြယ်ဖြစ်ရပ်ကြီးအားနားထောင်ရန်ဘေးမှာဆောင့်ကြောင့်ထိုင်နေကြသည်။

ဝေဝူရှင်းတံတွေးတစ်ချက်မြိုချပြီးမှ

''ဒီလိုကွာ မနက်က ငါလန်ကျန့်နဲ့အတူရေချိုး……''

ပြောဖို့ပြင်နေရင်းမှဘေးမှထိုင်နေသော ငယ်ရွယ်သူမောင်ရိုးသားလေးတွေကိုသတိရသွားသဖြင့်ပြောမည့်စကားတို့ကိုဘရိတ်အုပ်ထားရသည်။စစ်ကျွေးတို့ကတော့အရိပ်ပြလျှင် အကောင်မြင်တတ်သဖြင့်မျက်နှာလေးများတောင်အနည်းငယ်နီသွားသည်။ကျင်းလင်က ဟွန့်ခနဲနှာမှုတ်သည်။ဇီကျင်းကတော့မျက်နှာကိုယပ်တောင်နှင့်ကွယ်ထားသည်။စိတ်ပါဝင်စားသူကျင်းရီကတော့မျက်လုံးလေးများအရောင်တဖျက်ဖျက်လက်လျက် ဆက်ပြောမည့်စကားတို့ကိုစောင့်နေသည်။

ဝေဝူရှင်းကလက်တခါခါနှင့်စကားကိုဆက်သည်။
''ထားပါထားပါ ဒါ မင်းတို့သိဖို့တော့မလိုဘူး ဆက်ပြောမယ် လန်ကျန့်ထွက်သွားပြီးတော့သိပ်မကြာဘူး ငါလည်းပျင်းလာတာနဲ့ဘယ်မှလည်းမသွားချင်တာနဲ့ဒီအမွှေးအိုးကိုသိမ်းထားတာကနေပြန်ထုတ်ယူလာတာပေါ့ အရင်ကတော့ငါတို့အိပ်မက်တွေ လန်ကျန့်ပေါက်စတွေကိုမြင်လိုက်ရတယ်ဆိုတော့ ဒီတစ်
ခါဘာများထူးမလဲဆိုပြီးထပ်စမ်းကြည့်တာ ဘယ်သူထင်မလဲ ဒီလိုမျိုးဖြစ်လာမယ်ဆိုတာ''

အနှီ''လန်ကျန့်ပေါက်စ 'ဟူသည့်စကားလုံးအရောက် စစ်ကျွေးတို့လေးယောက်ခေါင်းလေးကတိုင်ပင်ထားစရာမလိုပဲဝမ်ကျိဘက်သို့ရောက်သွားသည်။စဉ်းလည်းစဉ်းစားကြည့်မိကြသည်။လန်ဂိုဏ်း၏စံပြဟန်ကွမ်ကျွင်းပေါက်စအရွယ်၌အကိုဖြစ်သူပေါင်ပေါ်တွင်ထိုင်ကာ တီတီတာတာတွေပဲပြောနေမလား?ရှီးချန်ကောကောရဲ့လျဲ့ပင်းကိုယူပြီးတဝူးဝူးနဲ့မှုတ်နေမလား?ခြေထောက်သေးသေး တင်လုံးလုံးလေးနဲ့တိမ်လွှာနန်းမြိုင်တစ်ခွင်ပတ်ပြီးလှုပ်တုပ်လှုပ်တုပ်နဲ့လျှောက်သွားနေမလား ဒါမှမဟုတ် လူကြီးပုံဖမ်းပြီးတည်တည်ငြိမ်ငြိမ်လေးနဲ့ စာရေးနေတဲ့အကို့ဘေးမှာများထိုင်နေမလား ဆိုပြီးစစ်ကျွေးတို့တွေးကြရင်းရယ်ချင်နေကြသည်။

MDZS မှဇာတ်ကောင်များတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြည်နူးစွာဂျင်းထည့်ကြပုံ(Zaw+Uni)Where stories live. Discover now