Beve 5

2.8K 419 86
                                    

" ဆိုးလ် တက္ကသိုလ်"

ဂျွန်ဂု ဒီမှာတက်နေတာ တနှစ်ကြာသည့်တိုင် တခါမှ ခြေမချဖူးသည့် ဤနေရာအား ပထမဆုံးအကြိမ် ထယ်ယောင်း ရောက်ဖူးခဲ့သည် သူငယ်ချင်းကိုယ်စီ အုပ်စုလိုက် လျှောက်သွားနေကြသော ကျောင်းသားတို့ကို ငေးမောရင်း ထယ်ယောင်းရင်ထဲ အမျိုးအမည်မသိ ခံစားချက်တို့ ဝင်ရောက်လာခဲ့သည်။

အားကျတာလား? မနာလိုတာလား? ဝမ်းနည်းတာလား? ထယ်ယောင်း အဓိပ္ပါယ်မဖွင့်တတ်ပေ... အမှန်ပြောရရင် ဒီအရာတွေဟာ ထယ်ယောင်းနဲ့ အလွန်ဝေးကွာနေခဲ့သည်

" တက္ကသိုလ်ကျောင်းသားဘဝ..."

နှုတ်ဖျားမှ ခပ်ဖွဖွရွတ်ပြီး အသက်မပါစွာ ပြုံးမိသည် ထိုအချိန်တွေအားလုံး ဂျွန်ဂုအတွက် ပုံအောပေးခဲ့သည် ချစ်ရသူအတွက်ပေမို့ နှမြောသဟဖြစ်နေချင်တော့ မရှိပေ ပေးဆပ်ရသည်မှာ ဂျွန်ဂုအတွက် ဖြစ်နေတာမို့လို့... သူဖြစ်နေတာမို့လို့ပင်

ကျောင်းဝင်းအတွင်းထဲသို့ လျှောက်လာရင်း ပတ်ဝန်းကျင်ကို တမေ့တမော ငေးကြည့်နေမိသည် ဆိုးလ်တက္ကသိုလ်က တကယ်ကို မိုက်တာပါလား... ဤသို့ဖြင့် မျက်စိသူငယ် နားသူငယ်နှင့် ဘေးပတ်ဝန်းကျင်ကလူတွေကို မေးမြန်းရင်း ဂျွန်ဂုရှိသည့် စီးပွားရေးဌာနသို့ ရောက်လာခဲ့သည်။

ကျောင်းဆင်းချိန်ရောက်နေပြီမို့ ကျောင်းသားကျောင်းသူတွေ အဆတ်မပြတ်ထွက်လာရာ ထိုလူတွေကြားထဲ ဂျွန်ဂုရဲ့မျက်နှာကိုတော့ လုံးဝပင် မတွေ့ရပေ။

သူ ဒီနေ့ ကျောင်းမတက်တာများလား??

ထိုအခိုက်အတန့် ကျောင်းသားတစု ထယ်ယောင်းအနားသို့ တိုးကပ်လာကြကာ မသေချာမရေရာသော အကြည့်တို့ဖြင့် စိုက်ကြည့်နေကြသည်။ ထိုသူတို့အား ထယ်ယောင်း ရင်းနှီးနေသလိုလိုတော့ရှိသည်... မဟုတ်မှလွဲရော ဂျွန်ဂုသူငယ်ချင်းတွေများလား??

" ဟို...ဂျွန်ဂုရဲ့ ဟျောင်းန်??"

" အာ!!ဟုတ်ပါတယ် မင်းတို့က ဂျွန်ဂုသူငယ်ချင်းတွေဖြစ်မယ် ထင်တယ်...ဟို သူရောဟင်?"

" အိုး... ဟေ့ရောင်တွေ ငါထင်တဲ့အတိုင်းပဲ သူ့ဟျောင်းန်ပါဆိုနေ!! တဖြေးဖြေးနဲ့ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ"

Beve MeWhere stories live. Discover now