Beve 8

2.9K 444 137
                                    

ဂျောင်ဂျွန်ဂု...

ထိုလူသားအား မျက်တောင်မခတ် ငေးကြည့်နေမိတဲ့ ကျွန်တော့်အတွက် သူ့မျက်နှာလေးမှာ ဘယ်အစိတ်အပိုင်းကို အကြိုက်ဆုံးလဲ မေးလာရင်...အင်း။

အကုန်သဘောကျသည်၊ နက်မှောင်ထူထဲတဲ့ သူ့မျက်ခုံးတန်းလေးကို ကြည့်မလား ဒါမှမဟုတ် ခပ်စိတ်စိတ် မျက်တောင်တွေ ဝန်းရံထားတဲ့ စမ်းချောင်းလို ကြည်လင်လှသော သူ့မျက်ဝန်းလေးကို ငေးမလား? ဟော ဖြောင့်တန်းနေသော နှာတံထိပ်လေး၌ မှဲ့တပေါက်ရှိနေခြင်းဟာလည်း အနုပညာဆန်လွန်းနေသည်

လက်ရာမြောက်လွန်းသည့် ချစ်ရသူ မျက်နှာလေးအား ချီးကျူး၍ မဆုံးသေး၊ ကလေးရဲ့မျက်ခုံးတို့ ရုတ်တရက် ကျုံ့သွားကာ နှုတ်မှလည်း ကယောင်တမ်းတွေ ရေရွတ်နေပြန်သည်။

ဘာဖြစ်လို့လဲ ကလေးရယ်? မင်းအိမ်မက်တွေ မကောင်းဘူးလား?

အိပ်ရာဝင် တေးတပုဒ်ရဲ့ သံစဉ်လေး ခပ်တိုးတိုး ညည်းဆိုရင်း သူ့မျက်ခုံးတို့၌ လက်တင်ကာ မျက်မှောင်ကျုံ့ထားသည်ကို ပြေလျော့စေသည်။

ထယ်က ကလေးရဲ့အိမ်မက်ထဲထိပါ ဘေးအန္တာရယ်တွေကနေ ကာကွယ်ပေးချင်ခဲ့တာ ကလေးသိမလား?

ဟင်း... မင်းသိချင်မှာလည်း မဟုတ်ပါဘူး။
ငါဆိုတာ မင်းအတွက် အရေးမှမပါတော့ပဲ။

အားမရှိစွာ ပြုံးလိုက်ရင်း နူးညံ့လှသော ပါးမို့မို့လေးကို လက်မနှင့် အသာပွတ်သပ်နေမိသည်။ယုံမလားတော့မသိ.. ထိုနေ့တညလုံး ကျွန်တော်လုံးဝ မအိပ်ချင်ခဲ့၊ အိပ်မောကျနေသော ကောင်လေးတယောက်ကို တမြတ်တနိုး တစိမ့်စိမ့်ကြည့်နေမိခဲ့တာ နေရောင်ခြည်ပင် လိုက်ကာကြားထဲမှ အလုအယက် တိုးဝင်လာသည်အထိပင်။

သိပ်ပင်မကြာလိုက် ကျွန်တော် တသက်လုံး ရပ်တန့်စေချင်ခဲ့သည့် အချိန်လေးက ပျောက်ကွယ်သွားတော့မည်။

မျက်ခွံတို့စတင်လှုပ်ရှားလာကာ လက်အပေါ်မြှောက်၍ အကြောပြေဆွဲဆန့်နေသော ကောင်လေးကြောင့် အချိန်ကျပြီဟု ထယ်ယောင်းဆုံးဖြတ်ချက်ချလိုက်သည်။

" နိုးပြီလား?"

ထယ်ယောင်းအသံကြောင့် မျက်လုံးတွေ ကမန်းကတမ်း ပွင့်ကာ ဆိုဖာပေါ် ဂျွန်ဂုငုတ်တုတ်ထထိုင်လေသည်။ ဘေးဘီဝဲယာကို ငေးကြည့်ရင်း ဘယ်ရောက်နေမှန်း ဂျွန်ဂုသိလိုက်သော် ခေါင်းထဲမှ ဆစ်ကနဲပင် ခံစားလိုက်ရသလိုလို။

Beve MeWhere stories live. Discover now