ထယ်ယောင်းဆီမှ လုံးလုံး အဆက်အသွယ်မရချိန် ဦးစွာ ပြေးသွားမိသည့် နေရာကတော့ ဟာနာနူနားလို့ ထယ်ယောင်းနှုတ်မှ တဖွဖွ ခေါ်ဆိုတတ်တဲ့ ဆိုင်ပိုင်ရှင်ဆီပင်...။
သို့သော် ရောက်သွားချင်းချင်းမှာပဲ ထယ်ယောင်းရဲ့ အရိပ်အယောင်လေးတောင် မတွေ့ခဲ့ရပဲ 'ထယ်ယောင်း ဘယ်မှာလဲ'ဟု မေးမြန်းမိသော ဂျွန်ဂုသည်ပင် ထူးဆန်းသလို အကြည့်ခံလိုက်ရသည်။ ဂျွန်ဂု လက်မလျှော့ပဲ ထယ်ယောင်းအချိန်ပိုင်း လုပ်သည့် အခြားနေရာများသို့ သွားရောက် စုံစမ်းရန် စိတ်ကူးလိုက်သည်။
ရလဒ်ကတော့ အားတက်စရာပင်။ ဘယ်အလုပ်ဆီ လိုက်သွား လိုက်သွား တူညီမှု ၂ခုတော့ရှိသည်။ ထယ်ယောင်းကို မတွေ့ရတာရယ်... ဒီနေ့တနေ့လုံး ထယ်ယောင်း ခွင့်ယူထားသည်ဆိုတဲ့ အဖြေရယ်ပေါ့။
ဂျွန်ဂု ခေါင်းကိုဖွကာ စိတ်တိုလက်တိုနှင့် တောက်ခေါက်မိသည်။ အခုချိန်ထိလည်း ဖုန်းဆက်၍ မရနိုင်ဖြစ်နေရာ ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်း သဲလွန်စလည်း တခုပင်မရ။
မထူးသည်မို့ အိမ်သို့ပြန်ရန်သာ ရှိတော့မည်။ ပြော၍လည်းမရ ထယ်ယောင်း တချိန်လုံး အိမ်မှာ ရှိနေခဲ့သည်လည်း ဖြစ်နိုင်တာပဲလေ။ မိမိကိုယ်ကို အားပေးရင်း တက္ကစီတစီး လှမ်းတားကာ အိမ်သို့ ခပ်မြန်မြန် သုတ်ခြေတင်တော့သည်။
အလိုရှိရာ ခရီးသို့ ရောက်သည်နှင့် ပိုက်ဆံလှမ်းပေးကာ အိမ်ပေါ်သို့ ပြေးတက်ရန်ကြံ မလှမ်းမကမ်းမှ ဖြေးညှင်းစွာ လျှောက်လာသော ထယ်ယောင်းကို တွေ့လိုက်ရသည်။ ယခုမှပင် အသက်ရှူချောင်သွားသလို သက်ပြင်းချ၍ ဖုန်းမကိုင်သည့် ကိစ္စအား ရန်တွေ့မည်အပြင် ထယ်ယောင်း အနောက်မှ ပြေးလိုက်လာသော တစုံတယောက်ကြောင့် ဂျွန်ဂု ခြေလှမ်းတွေဟာ တုံ့ခနဲ။
" ထယ်ယောင်း ထယ်ယောင်း!! ဒီမှာ မင်းရဲ့ဆေးထုပ် မေ့ကျန်ခဲ့ပြီ"
အမောတကော ပြေးလိုက်လာသော ဟိုဆော့ကို ကြည့်ရင်း ထယ်ယောင်း အမှန်ပင် အားနာမိသည်။
ဒီလောက်လည်း အရေးကြီးတာ မဟုတ်ပါပဲနဲ့။
" ဟျောင်းန်ကလည်း ကျွန်တော့်ဆီ အေးဆေးလာပြီး ပေးလည်းရပါတယ်။ မသိရင် ကျွန်တော် တနေရာရာကို သွားတော့မှာကျလို့"
YOU ARE READING
Beve Me
General FictionBelieve - Lie = Beve Believe?? လိမ်ညာခြင်းဆိုတဲ့အရာ ပါဝင်နေတဲ့ ယုံကြည်မှုဟာ ကိုယ့်အတွက်တော့ သုံးစားမရဘူး... So say Beve ... မင်းနှုတ်ကပြောလိုက်တာနဲ့ ကိုယ့်ရဲ့အရာအားလုံးဟာ မင်းအပိုင်ပါ ကလေးရယ် @Taekook myanmar Fic