Beve 6

2.6K 411 70
                                    

ညသန်းခေါင်ယံအချိန်... အခန်းငယ်လေးအတွင်း၌ အလင်းရောင်ဟူသည်မရှိ ပတ်ဝန်းကျင်ကား မှောင်မည်း၍ အသက်ဝင်လှုပ်ရှားနေသည်မှာ တချက်ချက် ရွေ့လျားနေသော နာရီလက်တံသာ ရှိသည် နှစ်ယောက်အိပ်ကုတင်ထက်တွင် လဲလျောင်းနေသော ကောင်လေးသည်တော့ မျက်နှာကြက်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်မှာ အသက်ရှိရဲ့လားဟု သံသဖြစ်ဖွယ်အတိ

သိပ်မကြာမှီပဲ တိတ်ဆိတ်နေသော လေထုထဲ ရှိုက်သံတခု ထွက်ပေါ်လာသည် ချစ်ရသူကို တမ်းတမိသည့် စိတ်က အသိစိတ်တခုလုံး လွှမ်းမိုးသွားချိန်မှာတော့ တစတစ ရှိုက်သံထွက်ပေါ်လာကာ တိတ်ဆိတ်နေသော ဝန်းကျင်မှာ ဝမ်းနည်းဖွယ်ရာအဖြစ် ပြောင်းလဲသွားတော့သည်

" ငါ မင်းကိုအရမ်းလွမ်းတာပဲ ဂျွန်ဂုရယ်"

ဂျွန်ဂုအား နောက်ဆုံးတွေ့ခဲ့သည့် နေ့မှစ ဒီနေ့နဲ့ဆို နှစ်ပတ်ပြည့်တော့မည် ဖြစ်သည် နှစ်ပတ်နီးပါး ကြာသည့်တိုင် ထယ်ယောင်း လုံးဝအဆင်မပြေခဲ့ပေ ခန့်မှန်းမိထားတာထက် ပို၍ ရင်ဘတ်ထဲမှ ကွက်လပ်က ဆိုးရွားလွန်းနေသည်

ဂျောင်ဂျွန်ဂုဆိုသည့် နာမည် မစဉ်းစားမိစေရန် ထယ်ယောင်း တချိန်လုံး အလုပ်တွေသာ ဖိလုပ်ခဲ့သည် အသွေးအသားမရှိ မပင်ပန်းတတ်တဲ့ စက်ရုပ်တရုပ်လိုပေါ့... သို့သော် ဘယ်လောက်ပဲ အလုပ်တွေပိနေပစေ အချိန်တန် ဟောဒီအိပ်ခန်းထဲ ပြန်ရောက်လာချိန်မှာတော့ သူမရှိတော့ဘူးဆိုတဲ့ အသိက အလိုမရှိပါဘဲနှင့် ဝင်ရောက်လာကာ လူကို ညှင်းပန်း နှိပ်စက်နေတော့သည်

ဂျွန်ဂု အိပ်နေကျကုတင်အခြမ်းအား ငေးကြည့်ရင်း အတူတူပျော်ခဲ့ဖူးသည့် အမှတ်တရတို့ကို သတိရမိချိန် မျက်ရည်တို့က အဆုံးမရှိသည့်အတိုင်း ပြန်လည်စီးဆင်းလာပြန်သည်

ဘယ်ဘက်ရင်အုံအား ဆုပ်ကိုင်ရင်း ဂျွန်ဂုဘေးနားရှိနေသည့်အလား စကားတွေရေရွတ်ပြောဆိုမိသည်

" ဒီနေရာ.. ဒီနေရာက အရမ်းကို နာကျင်နေတယ် ဂျွန်ဂု"

" မင်းမရှိလို့...ငါ့ရဲ့အနားမှာ မင်းမရှိတော့လို့"

" ဒီလိုသာဆက်သွားရင်တော့ မင်းစိတ်နဲ့ ငါရူးရတော့မယ် ဂျွန်ဂုရယ်"

Beve MeWhere stories live. Discover now