ep-26

1.7K 181 27
                                    

နှလုံးသားကိုချည်​​သော  ကြိုး

သူကိုမလိုက်​လာ​စေဘဲကားနားမှာသာ​စောင့်​ခိုင်း​နေ​သော​ကြောင့်​...သူကားပါကင်​နားတွင်​ရပ်​​စောင့်​​နေခဲ့သည်​။တ​အောင့်​ကြာ..စာအိတ်​အဖြူ​လေးကိုင်​ကာထွက်​လာသည့်​jin

မျက်​နှာတွင်​.​မျှော်​လင့်​ချက်​မဲ့​သ​ယောင်
အားငယ်​စိတ်​ပျက်​​နေသ​ယောင်​..ဒါ​ပေမယ့်​သူကိုပြုံးပြရင်းအနား​လျှောက်​လာသည်​။

လာတုန်းကတက်​တက်​ကြွကြွရှိသ​လောက်​..
ပြန်​ထွက်​လာ​တော့..ဒီလိုအ​နေအထားမျိုး
ဘာ​ကြောင့်​ဖြစ်​ရလဲသူသိသည်​။
ဒါ​ကြောင့်​ပခုံး​လေးကိုဖက်​လိုက်​ကာအား​ပေးသမှုပြုရင်း..။

"..ကိုယ်​တို့..မနက်​စာကို..ဘယ်​မှာစားကြမလဲ?"

"အိမ်​မှာဘဲစားရ​အောင်​ namjoon
ငါအိမ်​ဘဲပြန်​ချင်​တယ်​"

ဆေးစစ်​ချက်​အ​ဖြေကိုမ​မေးဘဲ..​စကားလမ်းလွဲကာ​ပြောသလို..jinကစပြီး​တော့လဲမ​ပြောခဲ့..။
နှစ်​​ယောက်​သားကား​ပေါ်မှာသာအတူရှိ​နေခဲ့ကြ​ပေမယ့်​..စကားတခွန်းမှမဟမိခဲ့...။

ကားပြတင်း​ပေါက်​​ မှန်ေ​လးကိုမှီထားရင်းjinကအပြင်​ကို​ငေး​နေသည်​။သူလဲကားကိုဂရုတစိုက်​​မောင်း​နေခဲ့သည်​။သူတို့ကား​လေးကစား​သောက်​ဆိုင်​တဆိုင်​အ​ရှေ့တွင်​ရပ်​တန့်​လိုက်​​တော့မှjinက
သတိဝင်​လာပြီး..သူဘက်​လှည့်​ကြည့်​လာသည်

"Namjoon..."

"ဒီဆိုင်မှာ..
ဒီ​နေ့တရက်​ထဲအတွက်
မနက်​စာ..အထူးဟင်းပွဲ​တွေ​ရောင်း​ပေး​နေတယ်​တဲ့....စားကြည့်​ရ​အောင်​​လေ..."

Namjoonဆိုင်​ရှိရာသို့..မျက်​လုံး​လေးပင့်​ကာ​ပြောရင်းကား​ပေါ်ကာဆင်းလာလိုက်​သလို..jinတံခါးကိုလဲလာဖွင့်​​ပေးပြန်​တယ်​။

"Namjoon...ငါဘာမှစားချင်​စိတိမရှိဘူး"

သူလက်​ဆွဲကာ​ခေါ်လာလိုသာလိုက်​လာခဲ့တဲ့seokjinသူကို​မော့ကြည့်​ကာ​ပြောလာ​ပေမယ့်​...သူပြန်​မကြည့်​မိဘဲ..ဆိုင်​ထဲကအ​ခြေအ​နေကိုအကဲခတ်​​နေမိတယ်​..။

နှလုံးသားကို ချည်​​သော....ကြိုး(namjin) Completed: Where stories live. Discover now