ep-27

1.4K 160 23
                                    

စိတ်​ရှုပ်​​နေမှု​ကြောင့်​​​ရော တ​ယောက်​ထဲ​နေချင်​တာ​ကြောင့်​ပါ ကားကိုသူမကိုယ်​တိုင်​​မောင်းနှင်​လာခဲ့မိသည်​။ အမှန်​တကယ်​ဟုထင်​မှတ်​ထားခဲ့တဲ့
ကိစ္စကအခုလုံးဝမဖြစ်​နိုင်​ဘူးလို အ​ဖြေထွက်​လာခဲ့သည်​။

ဒါဆို သူထင်​မှတ်​ခဲ့မူ​တွေက
တိုက်​ဆိုင်​မှု ထင်​​ယောင်​ထင်​မှားးမှုဖြစ်​ခဲ့သက်​သက်​​တွေလား?

သူကား​လေးကိုခြံဝန်းကြီးထဲ​ကွေ့ဝင်​ရင်းထိုးရပ်​လိုက်​ကာ..ကားထဲထွက်​လာမိ​တော့

"မင်္ဂလာပါ..."

"Arr nae..မင်္ဂလာပါ"

နောက်​ဆုံးအ​နေနဲ့​ဆော့ဂျင်​တို့ရဲ့မိဘမဲ့​ဂေဟာကိုသူ​လာ​ရောက်​ကြည့်​ရူလိုစိတိဖြစ်​လာတာမို့​ရ​အောင်​ရှာပြီး​ရောက်​လာခဲ့ခြင်း။

သူမိဘမဲ့​ဂေဟာများစွာတွင်​ သားဖြစ်​သူကိုရှာ​ဖွေခဲ့​ပေမယ့်​ ဒီ​ဂေဟာကို သူမျက်​ကွယ်​ပြုမိခဲ့သည့်​အ​ကြောင်းက သားဖြစ်​သူ ဂျင်​​လေးကို
ထားပစ်​ခဲ့မိသည့်​ ​နေရာနှင်​ဒီမိဘမဲ့​ဂေဟာသည်
ဆန့်​ကျင်​ဘက်​အရပ်​တွင်​ရှိ​နေသည်​မို့။

" အ​ဒေါ်...."

ဘယ်​အချိန်​ကထဲက​ရောက်​​နေမှန်းမသိတဲ့
ထယ်​​ယောင်း​လေးက က​လေး​တွေနဲ့​ဆော့ကစား​နေခဲ့ရင်းကသူဆီထလာသည်​။

"ထယ်​​ယောင်းahh သားလဲ​ရောက်​​နေတာလား"

"ဟုတ်​ကဲ့...အ​ဒေါ်က​ရော...
အလှူကိစ္စအတွက်​လာတာလား?
က​လေးတို့အ​ဒေါ်ကိုနှုတ်​ဆက်​ရမှာ​ပေါ့"

<<မ င်္ဂ လာ ပါ အေ ဒါ်... ​ကော င်းေ သာ
နံ န က်​ ခ င်း ပါ>

သူမကိုဆူညံစွာနှုတ်​ဆက်​လာတဲ့အသံ​လေး​တွေ​ကြောင့်​ပြုံးရယ်​လိုက်​မိရင်း..ပြန်​နှုတ်​ဆက်​စကားဆိုမိ​တော့..ထယ်​​ယောင်းကလဲရယ်​ပြလာသည်​။

.
.
.
.
"ဒါက ​ကျောင်းမှာလက်​ရှိရှိ​နေတဲ့ က​လေး​တွေရဲ့ဖိုင်​​တွဲ​တွေပါ"

ကျောင်းအုပ်​ဖြစ်​သူကအပြာ​ရောင်​ဖိုင်​တွဲအထူ​လေးကိုသူ​ရှေ့တွန်းပို့​ပေးရင်း​ပြောလာ​တော့သူအသာယူကြည့်​သလို..ထယ်​​ယောင်း​လေးကလဲသူ​ဘေးတွင်​အသာဝင်​ထိုင်​လျက်​ရှိ​နေသည်​။

နှလုံးသားကို ချည်​​သော....ကြိုး(namjin) Completed: Where stories live. Discover now