အိပ်မရလို့ အိပ်ရာပေါ်မှာ လူးလှိမ့်နေရင်းကနေ
ထထိုင်လိုက်တယ်..။ နာရီကို ကြည့်လိုက်တော့
လက်တံတိုက နှစ်နေရာကို ခပ်စောင်းစောင်းလေးတောင်ကျော်နေပြီ။ ဒီအချိန်က တစ်စုံတစ်ယောက် အိမ်ပြန်လာဖို့အတွက် သိပ်ကို နောက်ကျနေပြီပဲ။လေပြည်လေညင်းတွေက Zhengting ရဲ့ ပါးကို
ခပ်သွက်သွက် တိုးတိုက်သွားတော့မှ ညဦးပိုင်းတည်းက
ပြတင်းပေါက် မပိတ်ရသေးတာကို သတိရလိုက်တယ်။
ပြတင်းပေါက်ကနေ ကောင်းကင်ကို မော့ကြည့်မိတော့
ပြန့်ကျဲနေတဲ့ ကြယ်လေးတွေက ဟိုတစ်စ ဒီတစ်စလင်းနေတုန်းပဲ...။တစ်ခုခုထစားဖို့ အကြံအစည်နဲ့ အိပ်ရာပေါ်ကနေ
အဆင်းမှာ စားပွဲပေါ်က မီးစိမ်းလေး မှိတ်တုတ်
မှိတ်တုတ်လင်းနေတဲ့ ဖုန်းလေးက
Zhengting ရဲ့ အမြင်အာရုံကို ဆွဲဆောင်လေတယ်။ဆက်သွယ်ရေး အော်ပရေတာတွေဆီက မဖြစ်ဖို့
ကြိတ်ဆုတောင်းရင်း မျှော်လင့်တကြီး ဖုန်းကို အဖွင့်မှာ
မြင်လိုက်ရတဲ့ စာတိုလေးကြောင့် အရင်တည်းက
ကြည်မနေတဲ့ စိတ်ဟာ ပိုလို့နောက်ကျိသွားလေတယ်။
တစ်နေကုန်လို့မှ message လေးတစ်ကြောင်းတောင်မပို့နိုင်လောက်အောင်ပဲ တကယ်မအားတာလား။ဆက်သွယ်ရေး အော်ပရေတာတွေဆီက
message တွေကို ဘယ်လို block ရမလဲလို့
မနက်ကျ တစ်ယောက်ယောက်ကို မေးဖို့ ဆုံးဖြတ်ရင်းကနေ ဖုန်းကို အိပ်ရာပေါ် ပစ်တင်လိုက်တယ်။
တကယ်တမ်း ကြမ်းပြင်ပေါ် ပစ်ချချင်တာဆိုပေမယ့်
အဲ့လောက် လုပ်ဖို့ရာ Zhengting မှာ သတ္တိရှိမနေခဲ့ဘူး။အိပ်ရာပေါ်မှာ ပြန်လှဲလိုက်ရင်း အိပ်ပျော်ဖို့ကို
နောက်တစ်ခေါက် ပြန်ကြိုးစားရပြန်တယ်။
ညဘက်တွေ ကောင်းကောင်း အိပ်မပျော်တာဟာ
တစ်စုံတစ်ယောက်က လွမ်းနေလို့ လို့ Zhengting ဖတ်ဖူးခဲ့တယ်။ အဲ့တစ်စုံတစ်ယောက်ဟာ မင်းဖြစ်နေဖို့ရော ကိုယ်က မျှော်လင့်ခွင့် ရှိမလား။ အိပ်မက်တွေထဲမှာဖြစ်ဖြစ် ဆုံတွေ့ဖို့ကိုတော့ Zhengting ဒီညလည်း ထပ်ဆုတောင်းဖြစ်ခဲ့ပြန်တယ်။——————💫
"ဟင့်...တော်..တော်တော့ဆို "
အငမ်းမရ တိုးဝင်လာတဲ့ နှုတ်ခမ်းတွေကြောင့် Zhengting အသက်ရှူကြပ်လာတယ်။
YOU ARE READING
It's YOU
FanfictionNine percent one shot collection ~~ This one is special creation for @WuXinghua. Pre-birthday present for u boabei <3