Destiny brought by the Puppy

257 21 34
                                    


BGM -->> I wanna grow old with you

"ချစ်ခြင်းတရားက နုပျိုခြင်းတွေပေါ်မှာပဲ
သစ္စာရှိတယ်။ ငယ်ရွယ်တဲ့လူတွေ
တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတာဟာ
ကိုယ်စီရဲ့ နုနယ်ပျိုမြစ်မှုကို မက်မောလို့သာဖြစ်တယ်"

စာအုပ်ဖတ်ပြနေတဲ့ အသံပျောက်သွားတာကြောင့်
Zhengting မော့ကြည့်လိုက်တော့
ဖတ်ပြနေတဲ့သူက မျက်မှန်ကို ပင့်တင်ရင်း
တစ်စုံတစ်ရာကို စဉ်းစားနေဟန်ရှိတယ်။

သူစဉ်းစားနေတဲ့အရာကို Zhengting လည်း
စဉ်းစားမိနေတယ်။ စာအုပ်ထဲက စာကြောင်းရဲ့
ဆိုလိုရင်းအရဆို ချစ်သူတွေက အသက်တွေကြီးလာရင်
တစ်ယောက်နဲ့ တစ်ယောက် မချစ်ကြတော့ဘူးလား !

တကယ်ပဲ ချစ်ခြင်းမေတ္တာဆိုတာ နုပျိုခြင်းတွေကို
မက်မောတာမျိုးလား.. ?

----->>>

ဆောင်းဦးရာသီရဲ့ နံနက်ခင်းက ပုံမှန်ထက်
အအေးပိုနေခဲ့တယ်။ သိပ်သိပ်သည်းသည်းကျနေတဲ့
နှင်းမှုန်တွေကြောင့် ကားမောင်းရတာ
ခရီးမတွင်လှဘူး။ ရှေ့ကို သေချာမမြင်ရတဲ့
အနေအထားကြောင့် သတိထားမောင်းနေရင်း
Xukun ပါးစပ်ကနေ ပွစိပွစိပြောနေမိတယ်။

တကယ်တမ်းဆို မနက်စောစောထရတဲ့ အလုပ်မျိုးကို
Xukun အမုန်းဆုံးပဲ။ အထက်တန်းပြီးတည်းက
မနက်စောစော မထတာကြာလို့ နေဘယ်အရပ်က
ထွက်မှန်းတောင် Xukun မေ့နေပြီ။

အခုလည်း စောစောစီးစီး ဧည့်သည်သွားကြိုဖို့ဆိုပြီး
အတင်းနှိုးလွှတ်လိုက်တဲ့ မားမားကို မလွန်ဆန်နိုင်လို့သာ
ထလာခဲ့ရတယ်။ ဧည့်သည်ကလည်း အတော်ကို
အလိုက်ကန်းဆိုး မသိတဲ့ ဧည့်သည်..။
နေ့ခင်းမှရောက်မယ့် flight စီးလာလိုက်ပြီးရောကို..။

"Kunkun, ပွစိပွစိနဲ့ ဘာတွေပြောနေတာလဲ "

"ဘာမှမပြောပါဘူး မားရယ်"

မှုန်ကုပ်ကုပ်နဲ့ Xukun ကို အကဲခတ်နေတဲ့
မားမားကြောင့် Xukun ဘာမှမပြောဘဲ
ကားကိုသာ အာရုံစိုက်မောင်းလိုက်တယ်။
တော်ကြာ သူ့အပြစ်ကနေ ကိုယ့်အပြစ်ဖြစ်အောင်
အဆူခံရရင် ဒုက္ခ ။

"ကျွိ.. "

နှင်းတွေကြောင့် အနည်းငယ်ဝါးနေတဲ့ မြင်ကွင်းရှေ့ကနေ
ရုတ်တရက် ဖြတ်ပြေးလာတဲ့ အဖြူရောင်အရိပ်ကြောင့်
Xukun ကားကို ကပျာကယာ ဘရိတ်နင်းလိုက်ရတယ်။

It's YOUWhere stories live. Discover now