Get out of my mind

241 27 34
                                    

မင်းက ဘာမို့လို့ ငါ့စိတ်ထဲမှာ
အချိန်ပြည့်ကြီးစိုးထားရတာလဲ.. ?
ငါ့အတွေးတွေထဲက ထွက်သွားစမ်းပါ
Fan Cheng Cheng ရယ်.. !

~~~~

"Minghao, Hey...Minghao,
Huang Minghao..!"

အနောက်ကနေ အမောတကောခေါ်ပြီး
ပြေးလိုက်လာတဲ့ အသံကိုကြားပေမယ့်
Minghao ခြေလှမ်းတွေကို ရပ်တန့်ပစ်ရမယ့်အစား
ပိုပြီးတော့ အရှိန်မြှင့်တင်လိုက်တယ်။

အဲ့ Fan Cheng Cheng  ဆိုတဲ့သူက
ကောင်းတဲ့လူမဟုတ်ဘူး..။
လူတွေ့တာနဲ့ ပါးကို ဆွဲလိမ်လိုက် ၊
ခေါင်းကို ဆွဲဖွလိုက်နဲ့ ။
Minghao ကို အရုပ်လိုသဘောထားပြီး
မွှေချင်တိုင်းမွှေနေတာ။

အခုလည်း အသံကြားတာနဲ့တောင်
ပါးတွေကြိမ်းနေပြီမို့လို့ Minghao မှာ
မပြေးရုံတမယ် သုတ်ခြေတင်ပြီး လျှောက်လိုက်ရတယ်။

~~~~

လက်ထဲမှာ ပန်းတစ်ပွင့်ကို ကိုင်ပြီး
Minghao တစ်ယောက် အလုပ်များနေတယ် ။

"ငါ ငါ ပေးလို့ဖြစ်ပါ့မလား LinKai ရယ်"

"အာ...မင်းကလည်း ယောက်ျားလေးပဲ
ဘာဖြစ်လဲ။ ပေးမှာဖြင့် ပေးလိုက်။
သူက Major Queen နော်..။
မင်းလက်နှေးနေရင် သူများနောက်ပါသွားလိမ့်မယ်"

Linkai ရဲ့ စကားကလည်း ဟုတ်တော့ ဟုတ်တယ်။

Minghao စိတ်ဝင်စားနေတဲ့ ကောင်မလေးက
Major Queen ဆိုတော့ ကြိုက်တဲ့သူတွေကလည်း
ဝိုင်း ဝိုင်းလည်နေတာ ။

Linkai က အတင်းတွန်းလွှတ်နေတာကြောင့်
ကော်ရစ်ဒါ ထောင့်ချိုးနား နီးကပ်လာနေပြီဖြစ်တဲ့
အရိပ်ကိုကြည့်ရင်း အသက်ဝဝရှူပြီး ရှေ့တိုးလိုက်တယ်။

ဒါပေမယ့် နောက်ကနေပခုံးကိုဖမ်းဆွဲလိုက်တဲ့
လက်တစ်စုံကြောင့် Minghao ခြေလှမ်းတွေ
ရပ်တန့်သွားရတယ်။

"ဟင်.. စီနီယာ Fan Cheng Cheng "

Wang Linkai ရဲ့ ပါးစပ်ကနေ
အာမေဋိတ်သံတိုးတိုးလေး ထွက်ကျလာတယ် ။

"Yarr Fan Cheng Cheng
ဘာလုပ်တာလဲ ! "

ကော်ရစ်ဒါထောင့်ချိုးလေးကို ကျော်သွားပြီဖြစ်တဲ့
ကောင်မလေးကို လိုက်ကြည့်နေရင်း
Minghao က မချိတင်ကဲ အသံနဲ့အော်တယ်။

It's YOUWhere stories live. Discover now