Stardust💫-Final

260 28 18
                                    

နေရောင်ခြည်နုနုက ပြတင်းပေါက်ကနေတစ်ဆင့်
အခန်းထဲကို ဖိတ်လျှံကျလာတယ်။
ကောင်းကင်က တိမ်တွေကင်းစင်ပြီး
အပြာရောင်တောက်နေခဲ့တယ်။
ဒီနေ့ရာသီဥတုသာယာတာပဲ..။

Zhengting ရဲ့ ဘေးနားမှာ
အိပ်မောကျနေတဲ့ ချစ်ရသူကို
ကြည့်နေရင်းကနေ Zhengting ပြုံးမိတယ်။
ချစ်ရသူနဲ့ အတူနိုးထရတာကြောင့်
မနက်ခင်းက သာမန်ထက်ပိုလှနေတာများလား...။

ခွဲနေရတာကြာလို့ အမျိုးမျိုး ဆိုးခဲ့ရစ်ခဲ့လည်း
Xukun Zhengting ကို ဘယ်လောက်ချစ်လဲ
ကိုယ်တိုင်က အသိဆုံး...။
ဘယ်နှခါ ပြန်မေးမေး Zhengting
အယုံကြည်ရဆုံး လူသားက
Xukunတစ်ယောက်တည်းရယ်...။

ဒီလို လှလှပပနိုးထတဲ့ မနက်ခင်းဖြစ်ဖို့ရာကတော့
Fuli တို့နှစ်ကောင် အခန်းထဲ မလာနိုင်အောင်
အခန်းတံခါးကို လော့ခ်ချထားရလေသည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တဲ့
မြတ်နိုးရတဲ့ လူသားလေးရဲ့
မျက်နှာအစိတ်အပိုင်းလေးတွေကို
တစ်ခုချင်း ထိကိုင်ကြည့်မိတယ်။

ကြည့်စမ်းပါဦး... !!
ဒီလူသားလေးရဲ့ ပါးပြင်ပေါ်က
မှည့်နက်နက်လေးက Zhengting အပိုင်... ။
ဒီနှုတ်ခမ်းစိုစိုလေးတွေကလည်း Zhengting အပိုင်.. ။
ဒီလူသားလေးက Zhengting အပိုင်ပါတဲ့..။
စဉ်းစားမိတိုင်း ရင်ခုန်စရာကောင်းတဲ့ ကိစ္စပါပဲ..။

ချစ်ရသူကို ငေးကြည့်နေတုန်းမှာ
မျက်ခုံးနက်နက်တွေ အောက်က မျက်တောင်ရှည်တွေက
တဖျတ်ဖျတ်လှုပ်ခတ်လာသည်..။
အိပ်ချင်မူးတူးမျက်နှာလေးကတောင်
ဘယ်လိုများ ချစ်ဖို့ကောင်းနေတာပါလိမ့်... ။

"ဟင်...Zheng Zheng နိုးနေတာ ကြာပြီလား !"

မျက်လုံးဖွင့်ဖွင့်ချင်းမှာ သူ့ကို ပြုံးကြည့်နေတဲ့
Zhengting ကို တွေ့လိုက်ရတာကြောင့်
Xukun အံ့အားသင့်သွားသည်..။

"အင်း...ရေတောင်ချိုးပြီးနေပြီ။
Kunkun အတွက် မနက်စာပြင်ထားတယ်။
ရေချိုးပြီး ထစားလိုက်ဦး...။"

"Zheng Zheng ကလည်းကွာ..။
ဆိုင်မှာစားလည်း ဖြစ်တာပဲကို
အပင်ပန်းခံလို့.. "

"ဘယ်ဟုတ်မလဲ Kunkun ရဲ့..။
Kunက တစ်ခါတစ်လေမှ အိမ်ပြန်လာတာ။
အဲ့လောက်တော့ လုပ်ပေးရမှာပေါ့။
ပြီးတော့ သိတယ်မလား..။
ငါက ချစ်တဲ့သူကိုပဲ အစားအသောက်တွေ
ချက်ကျွေးတယ်ဆိုတာ..။"

It's YOUWhere stories live. Discover now