Till the last breath

320 23 23
                                    

"ကိုကိုး "

"...."

"ကိုကိုး လို့ "

စာဖတ်နေရင်းကနေ အသံသေးသေးလေးကြားလိုက်ရလို့
လှည့်ကြည့်လိုက်တော့ ဟိုဘက်ခြံကနေ လှမ်းခေါ်နေတဲ့
အကောင်ပေါက်ကလေး..။ မျက်နှာနဲ့ ဆံပင်တွေမှာလဲ ဖုန်တွေ ပေတလူးနေတာပဲ။

"Minghao,ကိုကိုး စာလုပ်နေတယ်လေကွာ "

"ဟင်..ကိုကိုးစာလုပ်တာကလည်း လက်ထဲမှာ
ဘောပင်လည်း ကိုင်မထားဘူး "

ခြံစည်းရိုးကြီးခြားနေတာတောင် ဒီဘက်ကို လာထိတော့မတတ် နှုတ်ခမ်းကိုထော်ပြီး ကောင်လေးက စကားပြောနေတယ် ။

"မဟုတ်ဘူး Minghao ရဲ့..ကိုကိုးက စာဖတ်နေတာလေ ။ ဘောပင်မလိုဘူး "

"ဟာ...မသိဘူး မသိဘူး ။
ကိုကိုး ဒီနားကို လာဦးလို့ "

Cheng Cheng ရဲ့ မားမားစိုက်ထားတဲ့
ခြံစည်းရိုးပင်တွေကို တစ်ခက်ချင်း ဆွဲဖြုတ်ချနေရင်း
ကောင်လေးက Cheng Cheng ကို သူ့နားလာဖို့
လက်ယပ်ခေါ်နေပြန်တယ် ။

Cheng Cheng က လက်ထဲက စာအုပ်ကို
ဘေးကိုချလိုက်ရင်း ကောင်လေးရှိရာကို ထသွားလိုက်တယ် ။ မသွားမချင်းလည်း အဲ့ကောင်လေးက လှည့်ပြန်သွားမယ့်ပုံ မပေါ်ဘူး ။ Cheng Cheng ကို လက်ယပ်ခေါ်နေရင်းကနေ ကိုယ်လုံးလေးကိုလည်း ခုန်ဆွ ခုန်ဆွ လုပ်နေသေးတယ် ။

Cheng Cheng ခြံစည်းရိုးနားရောက်တော့
ကောင်လေးက ဒီဘက်ခြံထဲတောင် ရောက်နေပြီ ။
မားမားရဲ ခြံစည်းရိုးပင်တွေလည်း Minghao ချိုးပစ်တာနဲ့ ကုန်မှာပါပဲ ။ ဒီလို ကာထားတာကြီးကို မကြိုက်ဘူး ဆိုပြီး သူ့ကိုယ်လုံးတစ်ကိုယ်စာဝင်ပေါက်ကို
အမြဲ ချိုးပစ်နေခဲ့လို့ အဲ့နေရာကို မားမားက အပင်ပြန်မစိုက်တာ ကြာခဲ့ပြီ ။

"ကဲ..ပြော ကိုယ်တော်လေး
ဘာအလိုရှိသလဲ ။ "

15 နှစ်ဆိုတဲ့အရွယ်နဲ့ မလိုက်အောင် အရပ်ရှည်တဲ့
Cheng Cheng က Minghao ကို ခါးကိုင်းပြီး
မေးလိုက်တယ်။

ကောင်လေးက သွားကျိုးလေးတွေပေါ်အောင် ရယ်ပြရင်း
Cheng Cheng ရဲ့ လည်ပင်းတွေကို လက်သေးသေးလေးတွေနဲ့ လှမ်းပြီး တွဲလွဲခိုလိုက်တယ် ။

You've reached the end of published parts.

⏰ Last updated: Jun 16, 2019 ⏰

Add this story to your Library to get notified about new parts!

It's YOUWhere stories live. Discover now