(Zawgyi)
တစ်ယောက်သောသူမပါဝင်သည့် သုံးလေးရက်အတွင်း ထမင်းဝိုင်းသည် သိသိသာသာခမ်းခြောက်သည်။စားပွဲပေါ်က ဟင်းပွဲအချို့က စားသုံးနေကျသူလစ်ဟာနေကြောင်းကို ပိုသိသာစေသယောင်။
''ကြက်ဥလိပ်တွေ ယူစားကြလေ ဘာလို့ချန်ထားတာလဲ
ငန်သွားလို့လား''အခါတိုင်းဆို သူ့ထက်ငါနှိုက်စားနေတာနဲ့ ဒီလောက်ပမာဏဆိုခဏအတွင်းကုန်နေကျကြက်ဥလိပ်က အနည်းငယ်သာအရာယွင်းသည်မို့ အရသာမကောင်းလို့များလားဟုSeokjinတွေးမိတာကြောင့်မေးလိုက်သည်။
''မငန်ပါဘူး အတော်ပါပဲ hyungရဲ့''
Jiminကသူ့ပန်းကန်ထဲက တစ်ခုကိုစားရင်းဖြေလာသည်။
''အရသာမကောင်းလို့များလားလို့hyungက သိပ်လည်းမစားကြလို့လေ''
''စားပါတယ်hyungရဲ့ ဒါပေမယ့်လေ ဒီတိုင်းစားရတာထက် လုစားရတာကပိုအရသာရှိတယ် သိလား Kookieရှိတုန်းကဆို သူတစ်ခုTaeတစ်ခု လုစားကြတာ...အဲ...''
ပြောလိုက်မိပြီးမှ စကားမှားသွားမှန်းသတိထားမိတာကြောင့် Taehyungပါးစပ်ကိုအမြန်ပိတ်လိုက်ရသည်။Jinhyung မျက်နှာသိသိသာသာညိုးသွားသည်လေ။ဒါကိုမြင်သွားသော Yoongi hyungက
''ဟား..ဟား...ပူမနေနဲ့ မကြာခင်ပြန်လုစားရတော့မှာ ဟုတ်ပြီလား ဟိုကပြန်လာမှစားမဝဖြစ်နေမယ် စားလို့ရတုန်းစားထား''
''ဟင်..မကြာခင်..ဘယ်သူပြောတာလဲKookieဖုန်းဆက်တာလား''
''မဟုတ်ပါဘူး မင်းတို့Namjoon hyungကTokyoကို အလုပ်ကိစ္စသွားစရာရှိလို့ ဝင်ခေါ်ပြီးပြန်ခဲ့မယ်တဲ့ ဟုတ်ပြီလား''
''တကယ်လား..ဟုတ်လား Joonie hyung''
''အင်း''
''Hyungသွားရင် Taeကိုပြောနော် Taeလည်းလိုက်ခဲ့မယ်လေနော် Tae Kookieကိုပြောစရာတွေရှိလို့ လိုက်ခဲ့မယ်လေ..နော် hyung''
''ဟာ....နေစမ်းပါဦးTaeရာ ဟိုကအလုပ်ကိစ္စနဲ့သွားမှာကိုဘာလိုက်ရှုပ်မှာလဲ ရှိတုန်းကတော့ ခွေးပဲဂရုစိုက်နေပြီး ခုမှ ဘာပြောစရာရှိတာလဲ ပြန်လာမှပြော မလိုက်သွားနဲ့''
![](https://img.wattpad.com/cover/160431931-288-k767241.jpg)
YOU ARE READING
Our Bad Baby Boo (Completed)(Zawgyi+Unicode)
Random(Zawgyi) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်းမေတ္တာကို ပုံဖော်သွားမည့်စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်~~ (Unicode) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်...