(Zawgyi)
''ဖြန်း''
''အ''
''ဖြန်း''
''အ..နာ..နာတယ်hyung''
''ဖြန်း''
''အဟင့်..ဟင့်.Kookieတောင်းပန်ပါတယ်hyung နောက်..နောက်..မသွားတော့ပါဘူး''
''ဖြန်း''
''အား''
''တော်ပါတော့hyungရယ် ကလေးလည်း နောက်ဆိုလုပ်ရဲတော့မှာမဟုတ်ပါဘူး''
မျက်စိရှေ့ကစိတ်မချမ်းသာဖွယ်မြင်ကွင်းကြောင့်နောက်ထပ်ရိုက်ရန်ရွယ်နေသေးသောhyungရဲ့လက်တို့ကိုအတင်းဝင်ဆွဲရင်းတားရတော့သည်။ဟို ကလေးဆိုးလေးကတော့ သူ့နောက်တွင်အားကိုးတကြီးလာရပ်ကာ တအင့်အင့်ရှိုက်ငိုနေဆဲ။
''ဖယ်စမ်း Jimin!!ဒီကလေး အကျင့်တွေပျက်နေတာ
စာမေးပွဲ ဒီလောက်နီးနေတာကိုအိမ်မှာနေလည်း တစ်နေ
ကုန် ဂိမ်းဆော့တယ် ဂိမ်းစက်သိမ်းတော့ ကျောင်းပြေးပြီး
ဂိမ်းဆိုင်သွားတယ် တော်တော်ကိုအတတ်ကောင်းတွေ
တတ်နေတာ..ထွက်ခဲ့စမ်းJungkook!!''Jin hyungရဲ့အော်သံနှင့်အတူခါးကအင်္ကျီစကိုဆုပ်ကိုင်ထားသော လက်ကလေးတွေတဆတ်ဆတ်တုန်နေတာကိုသတိထားမိသည်။သို့သော်ခန္ဓာကိုယ်ကတော့ကျောက်ရုပ်တစ်ရုပ်အလား..တစ်လှမ်းမှမရွေ့။
''ရှေ့ကိုလာခဲ့လို့ပြောနေတယ်နော် Kookie!ကိုယ့်အပြစ်ကိုယ်မသိဘူးလား ဟမ်!''
''ဟင့်...ကြောက်..ကြောက်တယ်လို့..Kookieနောက်ဆိုကျောင်းမပြေးတော့ပါဘူး.ဟင့်''
''Jungkook!!!ပိုနာချင်နေတာလား''
''.....''
******* O.B.B.B************
ကုမ္ပဏီကပြန်ရောက်ရောက်ချင်း ကားပေါ်မှဆင်းလိုက်
သည်နှင့် ကြားလိုက်ရသောဆူညံသံတချို့ကြောင့်အိမ်ထဲတွင် ပြဿနာတစ်ခုခုဖြစ်နေပြီမှန်း ကြိုတင်သိနှင့်ပြီးသား။
အလျင်အမြန်ပင်လက်ဆွဲအိတ်နှင့် ဖိုင်တွဲတချို့ကိုယူကာ
အိမ်ထဲအပြေးဝင်မိတော့ မြင်လိုက်ရသည့်က...
YOU ARE READING
Our Bad Baby Boo (Completed)(Zawgyi+Unicode)
Acak(Zawgyi) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်းမေတ္တာကို ပုံဖော်သွားမည့်စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်~~ (Unicode) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်...