''Kookie ah~~တံခါးဖွင့်ဦးကလေး
hyungနဲ့စကားခဏလောက်ပြောရအောင်လေ''''Kookie ah~~~''
''Kookieရေ...တစ်နေ့လုံးလည်းဘာမှမစားထားဘူးမလား ဗိုက်အောင့်မယ်လေ hyungထမင်းခူးထားပြီးပြီ မစားချင်လည်း တစ်ခုခုစားရအောင် ခဏတော့ထွက်လာကွာ''
မနက်က Hoseok လိုအပ်တာလေးတွေရှိလို့ဝယ်ရန် ဈေးသွားဖြစ်သည်။ Jin hyung နှင့် Yoongi hyungလည်းပါလာသည်။ဝယ်စရာရှိတာဝယ်ပြီးပြန်လာခဲ့ကြသည့်နောက် အိမ်ထဲအဝင် ဆီးကြိုနေသောမြင်ကွင်းကြောင့် ရင်ထဲထိတ်ခနဲ။တစ်စစီပြန့်ကြဲနေသော အလှပန်းအိုးတွေ နှင့် ပန်းကန်ကွဲတွေကို လိုက်သိမ်းနေသော Tae နဲ့ Minလေး။
အကြောင်းစုံမေးမြန်းသိရှိပြီးနောက်တွင်တော့ အပျက်အစီးများအားသူပါဝင်သိမ်းကူရသည်။ပစ္စည်းအသစ်တွေတော့ အစားထိုးရပေဦးမည်လေ။ Namjoonသည်ကား တော်ရုံနှင့် ဒေါသထွက်သူမဟုတ်။ ဒီအခြေအနေဖြစ်ခဲ့သည်အထိဆိုတော့ Namjoon အလွန်ဟုလည်းမဆိုနိုင်။Jungkook...ကလေးငယ်သည် ခုရက်ပိုင်းတော်တော်ဂယက်ထအောင်လုပ်သည်ပဲ။
Jin hyungကလည်း
''လွှတ်ထားလိုက် သူ့ဟာသူစိတ်ပြေသွားလိမ့်မယ်''
ဆိုတာကြောင့် ဘာမှဝင်မစွက်ဖက်မိတော့။သူသည်လည်း
အလွန်ဆုံးစိတ်ဆိုးစိတ်ကောက် နှစ်နာရီ သုံးနာရီပေါ့ ဆိုပြီးပစ်ထားလိုက်တာ နေ့လယ်စာစားချိန်ကျော်သည်ထိနှစ်ယောက်စလုံး အခန်းထဲမှထွက်မလာကြ။ညနေစောင်းလောက်ရောက်တော့ Namjoonထွက်လာခဲ့သည်။ထိုကလေးကတော့ ည၁၀ရောက်နေတာတောင် အရိပ်အယောင်မတွေ့ရသေးတာကြောင့် Hoseokစိတ်ပူလာသည်။ အကုန်လုံးအိပ်သွားရင် ထစားလိမ့်မယ် ဟုပြောကြသော်လည်း စိတ်မချတာကြောင့် အခန်းတံခါးရှေ့ရောက်နေရခြင်း။
''Jungkookရေ...တော်သင့်ပြီကွာ ထွက်လာတော့''
တစ်စုံတစ်ရာတုံ့ပြန်မှုမရတာကြောင့် Hoseokလက်လျော့ပြီး ပြန်ဆင်းလာခဲ့သည်။ဒီပုံအတိုင်းသာဆို Jin hyungတော့ ဒီညအခန်းထဲဝင်အိပ်ဖို့ရန်လမ်းမမြင်
တော့။
YOU ARE READING
Our Bad Baby Boo (Completed)(Zawgyi+Unicode)
Random(Zawgyi) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်းမေတ္တာကို ပုံဖော်သွားမည့်စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်~~ (Unicode) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်...