''ဘယ်လဲ Yoongi ညနေတောင်စောင်းနေပြီဟာ''
ဝတ်လက်စ coatကို ကြယ်သီးတပ်ရင်း အိမ်အောက်ဆင်းလာသည့်သူ့ကို Jin hyungကလှမ်းမေးတာကြောင့်
''ဝယ်စရာလေးရှိလို့ DDPခဏသွားမလို့ Hyung...ဘာမှာဦးမလဲ''
(DDP - Dongdaemun Design Plaza)
''အေး..အေး..ခဏYoongi ငါသွားကြည့်လိုက်ဦးမယ်''
မီးဖိုခန်းထဲဝင်သွားပြီး ခဏအကြာတွင် ပြန်ထွက်လာသောJin hyung
''ရေညှိရယ်..ကင်မ်ချီရယ်ဝယ်ခဲ့ဦး...အသားလည်းဝယ်ခဲ့
ပြန်လာမှငါပိုက်ဆံပြန်ပေးမယ်''''Nae....ဒါဆိုကျွန်တော်သွားတော့မယ်နော်''
''အေး...အေး...''
''Hyung....Kookieလည်းလိုက်မယ်''
သူJin hyungကိုပြန်ဖြေပြီးသွားဖို့ပြင်တော့သူ့လက်မောင်းကိုလာခိုဆွဲပြီးပြုံးတုံ့တုံ့လေးပြောလာသည့်Jungkookie။ ဘယ်ကနေဘယ်လိုရောက်လာလဲမသိ အခုမှ လာကပ်နေသည်။
''ဟိုကလေး ဘာလိုက်ရှုပ်ဦးမလို့လဲ မလိုက်သွားနဲ့''
ဟူသော Jin hyungရဲ့အော်သံနောက်တွင်တော့ အလိုလိုစူလာသော နှုတ်ခမ်းလေး...နှာခေါင်းပွပွလေးက 'ဟွန့်' ခနဲတစ်ချက်ရှုံ့ရင်း ဆွဲထားသော သူ့လက်ကိုလွှတ်ပြီး ဟိုဘက်လှည့်သွားသည်။ စိတ်ဆိုးတယ်ဆိုတဲ့သဘော ...
''လိုက်ချင်လိုက်ခဲ့''
''ဟင်...တကယ်လား''
ဝမ်းသာအားရမျက်နှာလေးနှင့် ပြန်လှည့်လာရင်း မေးနေပြန်သည်။
''Yoongi..မင်းကတော့ ပြဿနာမီးထွန်းရှာလိုက်ပြန်ပြီ''
Jin hyungကတော့ သိပ်သဘောမကျလှ
''လိုက်ချင်လိုက်ပါစေ hyungရယ်...အိမ်မှာနေလည်း သူဘာအလုပ်မှမရှိဘဲ''
''ဟီး..ဟုတ်တယ် Kookieကပျင်းနေတာ Jiminnie hyungကလည်း Tae Tae hyungရဲ့သူငယ်ချင်းမွေးနေ့ဆိုလို့ တူတူသွားကြတယ် Jin hyungအခုကြည့်နေတဲ့ဇာတ်ကားကလည်းKookieကြည့်ပြီးသားဆိုတော့လေ..ဟီး..ဟီး''
YOU ARE READING
Our Bad Baby Boo (Completed)(Zawgyi+Unicode)
Casuale(Zawgyi) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်းမေတ္တာကို ပုံဖော်သွားမည့်စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်~~ (Unicode) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်...