#Unicode
"Jungkookie အအေးတွေတအားမသောက်နဲ့""ဒီတစ်ဘူးပဲလေ"
"ဘာဒီတစ်ဘူးလဲ ခဏကလေးတင် နှစ်ဘူးသောက်ပြီးပြီလေ ချောင်းဆိုးမယ်နော်"
"ဒီလောက်နဲ့မဆိုးပါဘူးကွာ ယောက်ျားလေးပဲ ဒီလောက်ကတော့ ဘာမှမဖြစ်ဘူး သောက်ချင်သောက်စမ်းပါစေ"
Taehyungကပါ Jungkookဘက်ကကာပြောနေတာမို့ Jiminစိုက်ကြည့်ပေးလိုက်သည်။Jungkookie Tokyoကပြန်ရောက်ကတည်းက အကုန်လုံးကအရင်ကထက်ပိုပြီး သည်းသည်းလှုပ်နေကြသလိုပင်။
အဆိုးဆုံးက Taehyung၊ အရင်ကထက် ပိုပြီးဘက်ကျကာ အတိုင်အဖောက်ညီနေကြသည်။
ဟိုကောင်လေးကလည်းတပြုံးပြုံးနှင့်။နေ့လယ်ဈေး၀ယ်ထွက်တော့လည်း
ရေခဲမုန့်ဘူးကိုအတင်းယူထည့်သည်ပြန်ထားတော့ ဆူပုတ်ကာ"ယူမှာနော် မဟုတ်ရင်မသွားဘူး"
မုန့်တန်းတွေနားကနေ လုံး၀လိရလုံး၀လုက်မလာဘဲ ရပ်နေသည်။
"ကျစ်..မဆိုးစမ်းနဲ့ လာ!"
လူကြားထဲမို့သည်းခံနေတာ အိမ်မှာသာဆိုဆွဲရိုက်ပစ်ပြီ။
"ရော့ ဟုတ်ပြီလား"
သူထားခဲ့သောမုန့်ထုပ်ကိုTaehyungက ခြင်းထဲယူထည့်ပေးပြန်သည်။
"ဒါကြောင့် hyungကိုချစ်တာ"
သူကသာဒေါသထွက်နေတာ ဟိုနှစ်ယောက်က ရှေ့ကနေပခုံးဖက်ပြီး မုန့်ထုပ်တွေထားတဲ့ဘက်ကိုသွားပြီ။သည်းခံထားဦးJimin ဒီနေ့တစ်ရက်ပဲ hyungတွေမအားကြလို့ အိမ်ကမျောက်နှစ်ကောင်ကို ချက်ပြုတ်ကျွေးရင်းနှစ်ပါးသွားရမှာ။
ဒီလောက်နဲ့ပဲလားဆိုတော့မဟုတ် အိမ်ရောက်တော့လည်းတစ်စခန်းထပြန်သည်။
ညစာချက်ပြုတ်ပေးပြီး အပြင်ထွက်လာတော့ TVရှေ့မှာ ဇိမ်ကျနေသည်။Taehyungကတော့ အခန်းထဲမှာထင်သည်။"ချိုချဉ်တွေတအားမစားနဲ့"
စားပွဲပေါ်က ချိုချဉ်ထုပ်ကိုယူလိုက်ကာ အခွံတွေသိမ်းနေတုန်း ဂျယ်လီလုံးတွေကိုနှိုက်ပြန်သည်။
"ပေးခဲ့ ဒါလည်း များနေပြီ"
"ဘာဖြစ်နေတာလဲ!ဟိုဟာစားလည်းမစားနဲ့ ဒီဟာစားလည်းမစားနဲ့နဲ့ ပြန်ပေး"
![](https://img.wattpad.com/cover/160431931-288-k767241.jpg)
YOU ARE READING
Our Bad Baby Boo (Completed)(Zawgyi+Unicode)
Diversos(Zawgyi) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်းမေတ္တာကို ပုံဖော်သွားမည့်စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်~~ (Unicode) ညီအစ်ကို၇ယောက်ကြားက ဖြူစင်သောသံယောဇဉ်တွေ အနစ်နာခံမှုတွေနဲ့ ၅၂၈ချစ်ခြင်...