(အပိုင်း၁/ မြုပ်နှံသဂြုႋလ်ခြင်း)
ကျင်းယွမ်ရဲ့ခုနစ်နှစ်မြောက်ဆောင်းရာသီ၊ ဆယ်လပိုင်းရဲ့သုံးရက်မြောက်နေ့မှာ နှင်းမိုးများသည်းထန်စွာရွာသွန်းနေခဲ့သည်။
"ခင်ဗျားတို့တွေ ဘာလို့ဒီလောက်တောင်ကြောက်ရွံ့နေကြတာလဲ။ အခုသူ့ကိုကုသမပေးနိုင်ဘူးဆို ခင်ဗျားတု့ိတစ်ယောက်ချင်းဆီ အားလုံးပဲ သူနဲ့အတူ ရှင်လျက်မြေမြုပ်ခံရမယ်။"
ငယ်ရွယ်ပြီးကလေးဆန်သော ကောင်ငယ်လေးတစ်ယောက်၏အသံသည် ဧကရာဇ်အဆောင်တော်တစ်လျှောက်ပဲ့တင်ထပ်ကာထွက်ပေါ်လာသည်။
ထိုသူသည်နောက်ကျောပေးလျက် ပူဆွေးဝမ်းနည်းစွာဖြင့်
'အစ်ကိုတော်´ခမ်းနားကျယ်ပြန့်လွန်းသောတော်ဝင်အိပ်ရာထက် မျက်ဝန်းအစုံတင်းကျပ်စွာစေ့ပိတ်ထားသော ယောကျာ်းပျိုတစ်ယောက်လဲလျောင်းလျက်ရှိနေသည်။
ထိုသူမျက်နှာ၏အတုမရှိပြိုင်ဘက်ကင်းကြည့်ကောင်းသောလက္ခဏာရပ်များဟာ မကျန်းမမာဖြစ်နေခြင်းကြောင့် ဖြူဖျော့နွမ်းလျဟန်ထင်ဟပ်နေသည်။ထိုသို့ဖြစ်နေသော်ငြား ထိုသူ၏ခန္ဓာကိုယ်မှဖုံးကွယ်မထားနိုင်သော တော်ဝင်ဆန်ဆန်အသရေများသည် အဆက်မပြတ်ထုတ်လွှင့်လို့နေဆဲရှိသည်။
ထိုပုဂ္ဂိုလ်မှာတခြားမဟုတ် ကျင်းယွမ်ခေတ်ဧကရာဇ်တစ်ပါးဖြစ်သော ရှင်ဘုရင်ကျင်းထောင်သာဖြစ်သည်။ကျင်းယွမ်၏ဧကရာဇ်တစ်ပါးအဖြစ် အသက်၂၅နှစ်မှာစတင်ထီးမွေနန်းလျာဆက်ခံခဲ့ပြီး ထီးနန်းစိုးစံခဲ့သောမင်းသက်မှာ၇နှစ်သာရှိသေးသော်ငြား တိုင်းပြည်အားတိုးတက်ကြီးပွားစေအောင်စီမံအုပ်ချုပ်နိုင်ခဲ့သော ရှင်ဘုရင်တစ်ပါးဖြစ်သည်။
ဟန်လူမျိုးများ မေလပိုင်းတွင်ကျုးကျော်တိုက်ခိုက်လာသောကြောင့် ဧကရာဇ်သည် ရန်သူများအားရင်ဆိုင်တိုက်ခိုက်ဖို့ရာအတွက် စစ်တပ်အား ကိုယ်တိုင်ဦးစီးဦးဆောင်ခဲ့ပြီး လီပေါင်းသုံးထောင်အကွာအထိ ထိုရန်သူများအားတိုက်ခိုက်မောင်းထုတ်နိုင်ခဲ့သည်။
ပြည်သူပြည်သားများသည်လည်း ဧကရာဇ်၏စွမ်းဆောင်နိုင်ခဲ့မူအပေါ် တိုင်းပြည်တစ်ဝန်း ပျော်ပွဲရွှင်ပွဲများကျင်းပကာ ဂုဏ်ပြုလျက်ရှိသည်။
YOU ARE READING
Stop Bothering me; Emperor <Myanmar Translation>
RomanceAuthor_Lu Ye Qian He 绿野千鹤 Original Publisher_Changjiang Literature and Art Publishing House jjwxc Uei Shiang Type_Web Novel (CN) Genre_Comedy Drama Romance Yaoi This is Myanmar Translation of Stop Bothering Me Emperor. I don't own any part of story...