(အပိုင်း၂/ ပြန်လည်မွေးဖွားခြင်း)
သွယ်လျလျလက်ချောင်းများသည် စာကြောင်းတစ်ကြောင်းပေါ်တွင်ရပ်တန့်လိုက်လေသည်။
*ဧကရာဇ်နဲ့ဧကရီနှစ်ပါးလုံး ကျောင်းဂူဗိမာန်ထဲတွင်မြုပ်နှံထားခြင်းခံရ*
အချိန်အတော်ကြာတွင် စုန့်ရှောင်သည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း စာအုပ်ကိုပိတ်လိုက်ကာ ကုတင်အောက်ခြေထဲသို့ုထိုးထည့်လိုက်လေသည်။အဲ့ဒီနောက်နားအူမတတ်ဆူညံသောမြည်သံနဲ့အတူ ပန်းရောင်ဖျော့ဖျော့ဝတ်စုံဝတ်ဆင်ထားသော ဝဝကစ်ကစ်သူနာပြုမလေးသည် အလျင်စလိုမေးလာသည်။
"အပ်ကိုဆွဲထုတ်ဖို့ အဆင်သင့်ပဲလား။""ဟုတ်ကဲ့။"
စုန့်ရှောင်သည်ခေါင်းညိတ်ပြလိုက်ရင်း အကြောဆေးနှင့်ချိတ်ဆက်ထားသော ဘယ်ဘက်လက်အားပင့်မြှောက်ပေးလိုက်ကာ၊
"ဒုက္ခပေးမိတဲ့အတွက်တောင်းပန်ပါတယ်နော် မမ။""အိုက်ရား! အိုက်ရား! ယဉ်ကျေးဖို့မလိုပါဘူးကွယ်။"
နူးညံ့၍ သိမ်မွေ့သောအမျိုးသားငယ်လေးတစ်ယောက်က ကြည်လင်တောက်ပသောအသံဖြင့် သူမအား မမဟုခေါ်ခြင်းသည် လူတိုင်းရဲ့နှလုံးသားကို မြတ်နိုးမူများနဲ့အတူပျော်ဝင်သွားစေမည်သာဖြစ်သည်။ထိုဝဝကစ်ကစ်သူနာပြုမလေးဆိုသူသည် မျက်လုံးများပင်ပျောက်လုမတတ် စုန့်ရှောင်အားပြုံးပြလာသည်။
သူမသည်ဆေးတိတ်အားကျွမ်းကျင်စွာဖွင့်ကာ အပ်ဖောက်ထားသောနေရာဆီသို့ လက်တစ်ဖက်ဖြင့်ဂွမ်းစလေးနဲ့ဖိကပ်နေစဉ်တွင် သူမရဲ့နောက်လက်တစ်ဖက်သည် အပ်အားဖယ်ရှားလိုက်လေသည်။
ထို့နောက် သူမသည်အမျိုးသားငယ်အား အပ်ပေါက်ရာသု့ိဂွမ်းစဖိကပ်ထားရန်ပြောလေသည်။စုန့်ရှောင်သည် အပ်ဖယ်လိုက်သောနေရာအားဖိနှိပ်ထားလိုက်ပြီး သူနာပြုမလေးအားခေါင်းညိတ်ပြကာ ကျေးဇူးတင်စကားဆိုလေသည်။
သူ့ရဲ့လက်မောင်းမှသွေးထွက်ရပ်ဖို့စောင့်ရင်းနဲ့ ကုတင်ပေါ်ကသမိုင်းကြောင်းစာအုပ်အားဖွင့်ကာ တဖန်ပြန်ဖတ်လေတော့သည်။
YOU ARE READING
Stop Bothering me; Emperor <Myanmar Translation>
RomanceAuthor_Lu Ye Qian He 绿野千鹤 Original Publisher_Changjiang Literature and Art Publishing House jjwxc Uei Shiang Type_Web Novel (CN) Genre_Comedy Drama Romance Yaoi This is Myanmar Translation of Stop Bothering Me Emperor. I don't own any part of story...