အပိုင်း - ၁

2.2K 213 39
                                    

" အား!!!! ကိုကြီး​ရေ!!!!
အိပ်​​ပျော်​​နေတာကိုဘာလို့မနှိုးတာလဲ "

ဒုန်း....ဒုန်း.....ဒုန်း!!!!

ဗရုတ်​သုတ်​ခနဲ့နိုးထလာပြန်​တဲ့မနက်​ခင်းတစ်​ခု.....
လှေကား​ပေါ်မှ​ပြေးဆင်းလာလိုက်​သည်​။

ကျွန်​​တော်​အိုဆယ်​ဟွန်းသည်​အမြဲလိုလို
အိပ်​ရာထ​နောက်​ကျလို့ယခုကဲ့သို့
ဗြုတ်​စဖျင်း​တောင်းဖြစ်​​နေကျဖြစ်​သည်​။

ဆရာဝန်​ဘွဲ့ရပြီးလို့ဟန်းဂု​ဆေးရုံတွင်
အလုပ်​ရသည်​မှာပင်​တစ်​နှစ်​မပြည့်​​သေး​ပေ။

အအိပ်​မက်​သူမို့အမြဲလိုလိုအိပ်​ရာထ
နောက်​ကျလို့​ဆေးရုံသွားဖို့အမြဲ​နောက်​ကျသည်​။

အခုလည်း ဆရာဝန်​ကြီးနှင့်​အတူ
လက်​​ထောက်​အ​နေနဲ့ခွဲစိတ်​မှုတစ်​ခု
တာဝန်​ယူရမည်​ကို​နောက်​ကျပြန်​ပြီဖြစ်​သည်​။

ခွမ်း!!!!!

လှေကားနားမှစားပွဲ​ပေါ်တွင်​​ထောင်​ထား​သော
ပန်းအိုးတစ်​လုံးကျကွဲသွားခြင်း။

အိုဆယ်​ဟွန်းတို့နားကို​အော်​တိုပိတ်​ပြီးသား​ပေ။

" ရား!!!! အိုဆယ်​ဟွန်း!!!! မင်း.......
မင်းအဲ့နားကပန်းအိုးကိုခွဲတာဘယ်​နှစ်​လုံးရှိ​နေပြီလဲ!!! "

အစ်​ကိုဖြစ်​သူရဲ့ခပ်​စူးစူး​အော်​သံ​အောက်
အိုဆယ်​ဟွန်းတို့ငြိမ်​ကုတ်​လို့.......

ထမင်းချက်​​နေရင်းတန်းလန်းမို့လက်​ထဲတွင်​လည်း
ယောက်​ချိုဇွန်းကြီးကိုင်​ထားလျက်​ဖြစ်​သည်​။

" ဟီး......သားကအရမ်း​လောသွားလို့.......
ပြီး​တော့ကိုကြီးရဲ့ပန်းအိုးကိုကသားဆင်းလာမယ့်
လှေကားနဲ့မလွတ်​တာ​လေ...ကြည့်​ပါလား...... "

သွားအဖြီးသားဖြင့်​​ပြော​နေတဲ့ဆယ်​ဟွန်း......
ပွ​နေ​သောဆံပင်​ကိုသပ်​တင်​​နေ​သေးသည်​။

စောင့်​ကျိုးနည်းချစ်​ဖို့​ကောင်းတဲ့ညီ​လေးပါ။
သူ့ဟာသူဗရုတ်​သုတ်​ခရှပ်​ပြာပြီးတိုက်​မိတာ
ကိုပဲပန်းအိုးကသူနဲ့မလွတ်​ဖူးဖြစ်​ရ​သေး။

Untouchable Love [ ChanHun OTP ]Where stories live. Discover now