အပိုင်း - ၂

1K 174 67
                                    

အ​မှောင်​ထုတစ်​ခုအတွင်း​ရောက်​​နေရသည့်
ခံစားချက်​ကအ​တော်​ဆိုးရွားသည်​။

သူကဘယ်​သူလဲ......ဘာအ​ကြောင်း​ကြောင့်
အ​မှောင်​ထဲပိတ်​မိ​နေရသလဲ.......

နာမည်​.......နာမည်​ကဘာလဲ.......
ဘာဖြစ်​လို့ဒီလိုဖြစ်​​နေရတာလဲ........

အလင်း.....မျက်​စိ​ရှေ့ရုတ်​တရက်​​ပေါ်လာ​သော
အလင်းတန်း.......

စူးရှလွန်းသည်​မို့လက်​နှစ်​ဖက်​ဖြင့်​ကာပြီး
မျက်​၀န်းများမှိတ်​လိုက်​မိသည်​။

" လူနာက​သွေးခုန်​နှုန်းအရမ်းနည်း​နေပြီ!!! "

" CT ခန်းကိုအမြန်​သွား​ပေးပါ!!! "

" ​ဒေါက်​တာ!!! ဒီလူနာကိုကြည့်​​ပေးပါဦး!!! "

တီ......တီ.......တီ!!!!!

" 300 ကိုတင်​မယ်​!!!! 1....2....3....shock!!! "

နားထဲဝင်​လာ​သောဆူညံသံများ.......

မျက်​လုံးကို​ဖြေး​ဖြေးချင်းဖွင့်​ကြည့်​မိ​တော့
ရှုပ်ရှတ်​ခတ်​​နေ​သောလူများကို​တွေ့သည်​။

ပြေးလွှား​နေကြ​သောဆရာဝန်​များ.......
အလုပ်​ရှုပ်​​နေ​သောသူနာပြုများ.......
အော်​ဟစ်​ငိုယိုသံအချို့.......

သွေးချင်းချင်းရဲ​နေ​သောလူနာများ.......

ဆေးရုံ........​ဆေးရုံတစ်​ခုရဲ့အ​ရေး​ပေါ်ခန်းကို
ရောက်​​နေတာတဲ့လား..........

နာမည်​........နာမည်​က........

" ပတ်​ခ်​.....ချန်း.....​ယောလ်​...... "

ကိုယ့်​ကိုယ်​ကိုခပ်​တိုးတိုး​ရေရွတ်​မိသည်​။

" ငါကဒီကိုဘယ်​လို​ရောက်​​နေရတာလဲ.......
ဘာလို့ဘာမှမမှတ်​မိရတာလဲ........ "

လျှောက်​လမ်းအလယ်​တွင်​ထိုင်​ချလျက်
ဖြစ်​ခဲ့သည်​တို့ကိုစဉ်းစား​နေတဲ့ချန်း​ယောလ်​......

ဆံပင်​ဗိုသီဗတ်​သီဖြစ်​လို့hoodie အမဲ​ရောင်​နှင့်
ဂျင်း​ဘောင်းဘီဒူးပြဲတစ်​ထည်​ကိုဝတ်​ဆင်​ထားတဲ့
ချန်း​ယောလ်​သည်​စိတ်​ရှုပ်​​နေပုံရသည်​။

Untouchable Love [ ChanHun OTP ]Where stories live. Discover now