" စကားမပြောပဲနေလို့မရဘူးလား......... "
တိုးဖျော့စွာထွက်လာသောအသံပိုင်ရှင်သည်
အခြားသူမဟုတ်ဆယ်ဟွန်းလေးပင်ဖြစ်သည်။အကြောင်းရင်းကားရုပ်မမြင်အသံသာ
ကြားနေရသောသရဲကောင်သည်ဆယ်ဟွန်းနောက်
တောက်လျှောက်လိုက်ပါနေသည်မို့ပင်။မမြင်ရပါပဲအနောက်ကလိုက်နေတာဘယ်လိုသိလဲ
မေးချင်နေကြတယ်မလား။အသံသြသြနဲ့ကျေးဇူးရှင်ကဆယ်ဟွန်းဘယ်နေရာ
သွားသွားတောက်တဲ့လိုကပ်ပါလာတတ်သည်။ဒီတိုင်းကပ်ပါလာရင်တောင်ဒီလောက်ဖြစ်မှာမဟုတ်။
ကျေးဇူးရှင်ကစကားကိုရေပက်မ၀င်ပြောနေသည်။သူ့နာမည်ကပတ်ခ်ချန်းယောလ်ဆိုတဲ့အကြောင်း.....
နာမည်ကလွဲပြီးဘာမှမမှတ်မိတဲ့အကြောင်း......
ယုတ်စွအဆုံး သေတာတောင်ဘယ်လိုသေမှန်း
လုံးဝကိုမမှတ်မိကြောင်း.......အကုန်လုံးကိုသတိရချင်တဲ့အကြောင်း......
သူ့ကိုကူညီပေးဖို့အကြောင်း.......
မျက်စိသူငယ်နားသူငယ်ဖြစ်နေချိန်တွင်
သူ့အသံကြားရသူပေါ်လာတာမို့
စောင့်ကျိုးနည်းပျော်နေကြောင်း.......အိပ်နေတဲ့သူပါအိပ်လို့မပျော်အောင်မရပ်မနား
ပြောနေသည်မို့ဖြစ်သည်။ဆေးရုံမှကျေးဇူးရှင်ဟာစကားကိုဘယ်ကမ္ဘာ
ကတည်းကပင်ပြောချင်နေသည်မသိ
အိမ်အထိစက်ဘီးလိုက်စီးပြီးပါပြောသည်။အမြဲလိုလိုစက်ဘီးနင်းလို့အိမ်ပြန်နေကျဖြစ်သော
ဆယ်ဟွန်းလေးသည်ပုံမှန်ထက်ပင်နင်းရတာ
လေးနေသောစက်ဘီးကြောင့်ဇောချွေးပြန်ခဲ့ရသည်။ဒါတင်ပဲလား။ ကြောက်ပါတယ်ဆိုမှ တစ်လမ်းလုံး
စက်ဘီးအနောက်ဘက်မှစကားပြောသံကြောင့်
ပို၍ကျောချမ်းခဲ့ရပြန်သည်။သရဲဆိုတာသိပြီးသားဆိုပေမယ့်လည်း
အနောက်ကတစ်လမ်းလုံးစကားပြောနေတော့
ဆယ်ဟွန်းလေးကြောက်ဒူးတုန်နေရပါတယ်နော်။
YOU ARE READING
Untouchable Love [ ChanHun OTP ]
Fiksi Penggemarချစ်ရသူကိုမြင်နေရပါလျက်နှင့် ထိတွေ့ခွင့်မရှိသည့်အခါ.......... Love is untouchable....... Cover by @AkariXing