အပိုင်း - ၃

874 161 32
                                    

" ဟိတ်​!!!!! မ​ပြေးနဲ့​လေ!!!!!
ဒေါက်​တာ​လေး!!! ​ဒေါက်​တာ​လေး!!! "

ချန်း​ယောလ်​တစ်​​ယောက်​အားရပါးရကို
အော်​​နေ​တော့သည်​။

ဆယ်​ဟွန်းဆိုသည်​မှာလည်းအစပင်​ရှာမရ​တော့။

" အာ......နားညီးလိုက်​တာကွာ!!!!!
မင်း​ရောက်​ကတည်းကငါ့မှာနား​အေးပါး​အေးကို
မ​နေရ​တော့ဘူး......အခု​ရောဘာဖြစ်​ပြန်​ပြီလဲ..... "

အမြဲလိုလိုအိပ်​​နေတတ်​​သောဦး​လေးကြီးသည်
ဒေါသထွက်​လို့​အော်​ဟစ်​​နေပြန်​ပြီဖြစ်​သည်​။

ချန်း​ယောလ်​က​တော့​ကြောက်​သည်​မို့
ငြိမ်​ကုတ်​​နေ​တော့သည်​။

" တစ်​ချိန်​လုံးစကားကို​ရေပက်​မ၀င်​​ပြောလွန်းလို့
အိပ်​ချိန်​​လေး​အေး​ဆေးအိပ်​ရမလားမှတ်​တယ်​.....
အာပြဲကြီးနဲ့​အော်​ပြန်​တယ်​......ဘာဖြစ်​လို့လဲကွာ.... "

" ခုနက....ခုနကဟိုဆရာဝန်​​လေးကကျွန်​​တော့်
အသံကိုကြားရတဲ့ပုံမို့အရမ်းအံ့သြသွားလို့ပါ...... "

" ​ဟေ.....တကယ်​ကြားရတာလား......မင်းကို
မြင်​​ရောမြင်​ရတဲ့ပုံ​ပေါ်လား!!!! "

ဦး​လေးကြီးကပါအံသြတကြီးဖြစ်​လာသည်​။
သူ​တောင်​အံ့သြ​နေခဲ့တာမဟုတ်​လား။

" ဟုတ်​တယ်​......ကျွန်​​တော်​​ပြောတာသူ
အကုန်​ကြားရတယ်​......ဒါ​ပေမဲ့.......
မြင်​​တော့မြင်​ရတဲ့ပုံမ​ပေါ်ဘူး........ "

" ဘာပဲ​ပြော​ပြောမင်းအသံကြားရတယ်​ဆိုကတည်းက
မင်းအတွက်​ကံ​ကောင်းတာပဲ​လေ........မင်း​မေ့​နေတာ
အတွက်​အကူအညီ​တောင်းလို့ရတာ​ပေါ့...... "

တဖျက်​ဖျက်​​တောက်​သွား​သောချန်း​ယောလ်​ရဲ့
မျက်​၀န်းများ.........

" ဟုတ်​တယ်​​နော်​......ကျွန်​​တော်​​ဘေးက
ပြော​နေရင်​​တော့အားနာပြီးကူညီ​ပေးမှာ​ပေါ့​နော်​ "

ပြေးထွက်​သွားတဲ့ချန်း​ယောလ်​မျက်​နှာတွင်
ပါးချိုင့်​နှစ်​ဖက်​ထင်းလို့​နေ​တော့သည်​။

" ​ကျေးဇူးပြုပြီး​စောင့်​​ရှောက်​​ပေးပါ........ "

စကားသံခပ်​တိုးတိုး​လေးကို​တော့
ဘယ်​သူမှမကြားခဲ့​ပေ။

Untouchable Love [ ChanHun OTP ]Where stories live. Discover now