"မင်္ဂလာပါ "
မနီးမဝေးအသံကြားရတော့ ဋ္ဌာလာမျက်လုံးဖွင့်လိုက်ပြီး
လှည့်ကြည့်လိုက်တယ်"ထိုင်းလိုပြောတတ်တယ်မလားဗျာ?"
"ဟုတ် ကျွန်တော်ထိုင်းလူမျိုးပါ"
ဋ္ဌာလာ ရှေ့မှာရပ်နေတဲ့ကောင်လေးကိုကြည့်ရင်း ဒီကောင်
လေးဟာ စောစောက သတ္တိရှိပြီး အကိုအန်ဒန်နဲ့ စကားငြင်း
ဆိုတဲ့တစ်ယောက်ပဲ ပုံစံကြည့်တော့ ဋ္ဌာလာနဲ့ အသက်သိပ်
မကွာဘူးလို့ထင်တယ်"ကျွန်တော်နဲ့ စကားပြောလို့ရမလား?"
"Umm"
ဋ္ဌာလာလက်ခံလိုက်တာက ဒီလိုအချိန်မှာ စကားပြောဖော်ရရင်
ကောင်းတာမနည်းဘူး ပြီးတော့ ဒီကောင်လေးရဲ့အကြည့်က
သူနဲ့အရမ်းခင်ချင်တဲ့ပုံစံပဲ"ကျွန်တော် နာမည် ပိုင်မွန်ပါ မွန်လို့ခေါ်လည်းရပါတယ်
တို့နာမည်ကော ဘယ်လိုခေါ်လဲ?"ဋ္ဌာလာ ၊ ပိုင်မွန်ကိုကြည့်ပြီး ခပ်ပြုံးပြုံးနဲ့ဖြေလိုက်တယ်
"ဋ္ဌာလာ..."
"ဋ္ဌာလာ? နာမည်က လိုက်တာပဲနော်"
"ကျွန်တော်အသက်က 18နှစ်ပါ နောက်ဘယ်နှစ်လမှ
မလိုတော့ဘူး 19နှစ် ပြည့်တော့မယ် ဘန်ကောက်ကျောင်း
တက္ကသိုလ် တစ်နေရာမှာ ကျောင်းတက်နေပါတယ် ဋ္ဌာလာ
ကော်""အသက် 19နှစ်ပါ နောက်သုံးလလောက်ဆို 20နှစ်ပြည့်
တော့မယ် ဋ္ဌာလာ ကျောင်းမတက်ရတော့ပါဘူး""အား......."စိတ်မကောင်းတဲ့အသံနဲ့ ပိုင်မွန်ဖြေလိုက်တယ်
မေးသွားတာ မှားတယ်လို့ခံစားလာတယ်အသက်သိပ်မကွာလို့ ဋ္ဌာလာ ကိုယ့်ကိုကိုယ် ဘယ်လိုခေါ်
ရမှန်းမသိတော့ နာမည်ထည့်ပြီး ပြောလိုက်တော့တယ်
ဘယ်သူမှစကားထပ်မပြောတာကြောင့် တိတ်ဆိတ်မှုတွေ
သူတို့နှစ်ယောက်ကြားပေါ်ပေါက်လာတယ် ဋ္ဌာလာအရမ်းသိ
ချင်နေတယ် တက္ကသိုလ်တက်ရရင် ဘယ်လိုဖြစ်မှာလဲဆို
တာ"ပိုင်မွန် တက္ကသိုလ်တက်ရတာ ဘယ်လိုလဲဆိုတာ ပြောပြ
လို့ရမလား?"ပိုင်မွန် ချက်ချင်းလက်ခံလိုက်တယ် နှစ်ယောက်လုံး ထိုင်စရာ
နေရာအရင်ရွှေ့ပြီး ကျောက်တုံးပေါ်သွားထိုင်နေတော့တယ်
ခြေထောက်ညောင်းတယ်လို့ ပိုင်မွန် ပြောတာကြောင့်ပေါ့
ပိုင်မွန် စပြီးတက္ကသိုလ်တက်အကြောင်းတွေပြောနေတော့
တယ် ပိုင်မွန် ပြောပြတာပျော်စရာကောင်းလို့ နားထောင်ရင်း
ပုံစံအဖြစ် ဋ္ဌာလာစိတ်ကူးထဲ လိုက်မှန်းနေတာ မျက်တောင်
ခတ်ဖို့တောင်မေ့တယ်

YOU ARE READING
"Incarcerated Love"20+..
Romance"ကိုယ့်ရဲ့ အမြွှာဖြစ်သူအကိုက လောင်းကစားတာ အကြွေးဖြစ်ထားတာကြောင့် မာဖီးယားတွေ အိမ်မှာအကြွေးလာတောင်းတာနဲ့ တို့နှစ်ယောက်ရဲ့ မခွဲခြားနိုင်အောင် မျက်နှာတူနေမှုကြောင့် ဖမ်းခံရသူက ကျွန်တော်အဖြစ် ဖြစ်သွားတယ်" Thai fic as ( ဒီficက ထိုင်းအနေနဲ့ပါနော်နာမည်တွေက...