part - 67

3.3K 118 13
                                        

ခါလ်ဝိန် နေတဲ့အိမ်ရောက်ဖို့ အချိန်နည်းနည်းသုံးရတယ်
အိမ်ထဲဖြည်းဖြည်းနဲ့ ဋ္ဌာလာဝင်သွားရင်း ဦးနှောက်လည်း
တစ်ခုခုစဉ်းစားရင်းနဲ့ အခုသူခါလ်ဝိန်ကိုစိတ်ဆိုးသေးလာလို့
မေးရင် မဆိုးတော့ဘူးလို့လည်းမပြောနိုင်ဘူး ဆိုးသေးတာ
ပေါ့ ဒီလိုလုပ်တာသူ့ကိုတစ်ခွန်းမှမပြောပြဘူး

အခန်းထဲမှာအရမ်းတိတ်ဆိတ်နေပြီး ဝရံတာမှာ လာတဲ့မီးသီး
အလင်းရောင်အနည်းသာရှိတယ် ဋ္ဌာလာမီးသွားဖွင့်လိုက်တော့
ဝရံတာမှာ ဝိုင်ခွက်ကိုင်ထားပြီးရပ်နေတဲ့ ခါလ်ဝိန်ကိုမြင်စေ
တယ်

အရမ်းအေးနေပြီနော် ဋ္ဌာလာစိတ်ထဲတွေးရင်း အခန်းထဲဝင်
လာကတည်းကလေအေးလာပြီလို့ထင်ပြီ ခါလ်ဝိန်ရဲ့ကျော
ပြင်ကို ဋ္ဌာလာရပ်ကြည့်ရင်း အင်္ကျီနဲ့ဆံပင်ဟာလေတိုက်အား
ကြောင့်ပျံနေကာ အနောက်မှာကြည့်ရတောင် ခါလ်ဝိန်စိတ်
မကောင်းဘူးဆိုသိနိုင်ပြီ အရာရာတွေအများကြီး သူသယ်
ဆောင်ရတာလည်းများလွန်းပြီ ဒါပေမယ့် ဋ္ဌာလာကိုဆက်ပြီး
သိမ်းထားဖို့လည်း ဆုံးဖြတ်သေး

စောင်အကြီးကြီးကိုဋ္ဌာလာဆွဲယူပြီး ဝရံတာမှာတံခါးသွားဖွင့်
ရင်း ဝိုင်အနံ့နဲ့ပင်လယ်ရေအနံ့တွေလည်းဋ္ဌာလာမှာလေတွေ
တိုက်ခတ်လာတယ် မကြေနပ်တဲ့မျက်နှာနဲ့ ခါလ်ဝိန်လှည့်လာ
ရင် ဋ္ဌာလာဖြစ်တာမြင်တော့ အကြည့်တွေပျော့ညံ့သွားတယ်

"ဋ္ဌာလာ..."

"လေတွေအရမ်းတိုက်နေတယ် ဘာဖြစ်လို့အခန်းထဲမဝင်သွား
လည်ဗျ"

ကိုင်ထားတဲ့ဝိုင်ခွက်ကို ခါလ်ဝိန်ထားလိုက်ပြီး

"ငါကိုစိတ်ဆိုးတာ ပျောက်ပြီလာ"

"မပျောက်သေးဘူးဗျ!"

ဋ္ဌာလာရဲ့အဖြေက ခါလ်ဝိန် တစ်ကယ်စိတ်မကောင်းအောင်
လုပ်သွားတယ်

"ဒါပေမယ့် နည်းနည်းလျော့သွားပြီ"

"အကုန်ပျောက်အောင် ငါဘယ်လိုလုပ်ရမှာလဲ"

လက်ထဲကစောင်ကို ခါလ်ဝိန်ရဲ့ပုခုံးမှာ ဋ္ဌာလာခြုံပေးပြီး

"ဋ္ဌာလာကို khunမပြောရသေးတဲ့ဟာတွေ ရှိသေးလာဗျ"

"မရှိဘူး..."

"Incarcerated Love"20+..Where stories live. Discover now