ခါလ်ဝိန်နဲ့ နံနက်စာစားပြီးနောက် ဋ္ဌာလာလည်း ခါလ်ဝိန်
အလုပ်သွားလုပ်ဖို့စောင့်ပို့ပြီးတာနဲ့ အိမ်နောက်ရဲ့ခြံကိုသွား
တော့တယ် ငါးသေတ္တာပူး ကိုင်လာဖို့လည်းမမေ့ဘူးအချိန်သုံး၊လေးရက်လောက်ရှိပါပြီ ငါးသေတ္တာပူးနဲ့အတူ
ဋ္ဌာလာအိမ်နောက်ရဲ့ ခြံကိုသွားတာ အစကဋ္ဌာလာညနေချိန်
ပဲလာတယ် ဒါပေမယ့် အခုတော့ နံနက်ချိန်နဲ့ ညနေချိန်နှစ်ချိန်
နဲ့လာပါပြီ"ကြောင်လေး ဋ္ဌာလာလာပြီနော်"
ငါးသေတ္တာပူကို ဋ္ဌာလာဖွင့်ပေးပြီးအရင်ကနေရာကိုထားပေး
လိုက်တာနဲ့ ဋ္ဌာလာနည်းနည်းနောက်ဆုတ်ပြီး ကြောင်
လေးကို ထိုင်စောင့်နေတယ်"မြောင်...."
ကြောင်ကလေးတိုးတိုးနဲ့အသံထွက်လာရင်း ပန်းပင်ကြား
ကနေထွက်လာလိုက်တယ် သူဋ္ဌာလာကိုကြည့်ပြီးနောက်
ပူးထဲက ငါးသေတ္တာကိုသွားစားတော့တယ်"ငါးသေတ္တာပဲစားရတာ ပျင်းလာဟင်"
ကြောင်ပိန်လေး ဋ္ဌာလာကိုမော့ကြည့်လိုက်တယ်
"အခြားဟာကို ဋ္ဌာလာကြွေးချင်ပါတယ် ဒါပေမယ့် ဋ္ဌာလာ
ဘယ်မှမထွက်ရဘူး"..........
"ဒီမှာ....ကြောင်လေး ဋ္ဌာလာနာမည်တင်ပေးမယ် ယူမှာလာ"
"နမ့်နိုင် ကောင်းလာ ဆိုင်ထန်ကောင်းလာ"
"မြောင်...."
"ဆိုင်ထန်နာမည်ကြိုက်တာလာ"ကြောင်ကလေးကို ဋ္ဌာလာ
ငုံ့ကြည့်ရင်း ကြောင်လေးလည်း ငါးသေတ္တာပူးကနေ မျက်နှာ
မော့လာပြီး ဋ္ဌာလာနားမှာ လျှေက်လာနေတယ်"ဆိုင်ထန်ပေါ့နော်"
ဋ္ဌာလာပြုံးလိုက်တယ် ဆိုင်ထန်လို့နာမည်ရတဲ့ကြောင်လေး
က ဋ္ဌာလာခြေမှာ ခေါင်းလေးတဲ့လာသပ်နေတာကို နေ့ရက်
တိုင်း ဋ္ဌာလာအစားအစာတွေယူလာပေးလို့ သူစိတ်ချရတာ
ပေါ့ ဋ္ဌာလာလည်း ကြောင်လေးရဲ့ မေးစေ့မှာပေါ့ပေါ့လေးနဲ့
ကုပ်ပေးလိုက်တယ်ကြောင်လေးနဲ့ ကစားနေတာအချိန်လည်းတော်တော်ကြာ
နေပြီ ဝေးဝေးကနေ စောင့်ရှောက်နေတဲ့ အန်ဒန်ရှိရင်းနဲ့
ပေါ့ ကြောင်လေးဆိုင်ထန်က ဋ္ဌာလာရဲ့မျက်နာချင်းဆိုင်လို
ဗိုက်တွေ မေးစေ့တွေ ဋ္ဌာလာကုပ်ပေးဖို့ အိပ်လိုက်တယ်
ခံစားတဲ့မျက်နှာနဲ့ ကြောင်လေးမျက်လုံးမိတ်လိုက်တော့တယ်

YOU ARE READING
"Incarcerated Love"20+..
Romance"ကိုယ့်ရဲ့ အမြွှာဖြစ်သူအကိုက လောင်းကစားတာ အကြွေးဖြစ်ထားတာကြောင့် မာဖီးယားတွေ အိမ်မှာအကြွေးလာတောင်းတာနဲ့ တို့နှစ်ယောက်ရဲ့ မခွဲခြားနိုင်အောင် မျက်နှာတူနေမှုကြောင့် ဖမ်းခံရသူက ကျွန်တော်အဖြစ် ဖြစ်သွားတယ်" Thai fic as ( ဒီficက ထိုင်းအနေနဲ့ပါနော်နာမည်တွေက...