"ခက်ခက်.....အိဂ့်....ခက်ခက်..."
တညလုံးမှာ ဋ္ဌာလာချောင်းဆိုးနေတယ် အခုလည်းညတံခေါင်
ကြီးဖြစ်နေပြီ ခါလ်ဝိန်လည်းမအိပ်ရသေးဘူး ဋ္ဌာလာကို ခါလ်
ဝိန်ဖက်ထားတဲ့အစတုန်းမှာ ဋ္ဌာလာခန္ဓာကိုယ်အေးနေပြီး
အခုတော့ မီးလိုပူလောင်နေတယ်"ခက်ခက်.....ပူတယ် မေမေ ဋ္ဌာလာပူတယ် ခက်ခက်.. ခြုံမ
ခြုံဘူးနော်"ခြုံတစ်မျိုးထဲသာ ဋ္ဌာလာတွန်းပြစ်နေတာမဟုတ်ဘူး ခါလ်ဝိန်
ကိုပါဋ္ဌာလာတွန်းလိုက်တယ် ဋ္ဌာလာခန္ဓာကိုယ်ပူလောင်မှုက
မျက်နှာတွေတစ်ကိုယ်လုံးအနီရောင်ထွက်လာတဲ့ထိအိပ်ယာ
ကနေ ခါလ်ဝိန်ဆင်းပြီးကုတ်အင်္ကျီဝတ်လိုက်တာနဲ့ အခန်းထဲကနေ တံခါးသွားဖွင့်လိုက်တယ်"အေလိတ် အန်ဒီတာကို ခေါ်လာခဲ့"
"ဟုတ်"
အခန်းထဲမှာ ခါလ်ဝိန်ပြန်ဝင်လာတယ် သူမသိပါဘူး နေမကောင်းတဲ့လူကို ဘယ်လိုဂရုစိုက်ရမှာလည်ဆိုတာ
အဲ့ကြောင့် အန်ဒီတာခေါ်လာဖို့ အေလိတ်ကိုခိုင်းလိုက်တယ်
အန်ဒီတာဖြစ်ရင် သူထက်သိမယ်လို့အထင်နဲ့ပေါ့ညတံခေါင်အချိန်မှာ အန်ဒီတာနိုးခံရပေမယ့် မကျေနပ်တဲ့
ပုံစံလည်းလုံးဝမရှိပါဘူး လျှင်မြန်စွာနဲ့ ဋ္ဌာလာကိုအန်ဒီတာ
လာကြည့်တော့တယ် အစကထင်နေပြီမို့လို့ အဲ့လောက်ထိ
မိုးရေစိုတာ နေမကောင်းဖြစ်မယ်ဆိုတာ တညလုံးနဲ့ ဋ္ဌာလာ
ခန္ဓာကိုယ်ကို အန်ဒီတာသုတ်ပေးလိုက်တာ အခုဆို
အပူဓာတ်တွေလျော့ပြီး ပုံမှန်လိုဖြစ်တော့မယ် အခုလည်း
နံနက်အချိန်ဖြစ်နေပြီမို့လို့ အန်ဒီတာအနားယူဖို့ ခါလ်ဝိန်ပြော
လိုက်တော့တယ်"မကြာခနနဲ့ အမြဲခန္ဓာကိုယ်သုတ်ပေးပါနော် သူနိုးလာရင်
လည်း ထမင်းတွေဆေးတွေပေးသောက်ပါ ဒီလောက်နဲ့ အဖျားမလျော့သေးရင် ဆရာဝန်ခေါ်သင့်ပါတယ်""ဟုတ် အန်ဒီ အနားသွားယူပါတော့"
"ဟုတ်ကဲ့ရှင့် ဘာများရှိရင် အန်ဒီကိုအမြဲခေါ်လို့ရပါတယ်
နော် khun noo"ပြောပြီးတာနဲ့ အန်ဒီတာ အခန်းကနေထွက်သွားမလို့လုပ်ရင်း

YOU ARE READING
"Incarcerated Love"20+..
Romance"ကိုယ့်ရဲ့ အမြွှာဖြစ်သူအကိုက လောင်းကစားတာ အကြွေးဖြစ်ထားတာကြောင့် မာဖီးယားတွေ အိမ်မှာအကြွေးလာတောင်းတာနဲ့ တို့နှစ်ယောက်ရဲ့ မခွဲခြားနိုင်အောင် မျက်နှာတူနေမှုကြောင့် ဖမ်းခံရသူက ကျွန်တော်အဖြစ် ဖြစ်သွားတယ်" Thai fic as ( ဒီficက ထိုင်းအနေနဲ့ပါနော်နာမည်တွေက...