part-26

9.4K 312 25
                                        



"Bossssss~"

ဒုက္ခပဲ.......



အန်ဒန် သေတော့မယ်!


Bossနားရှိ ဓားတိုတစ်ချောင်းဟာ အန်ဒန်မျက်နှာနည်းနည်း
လေးပဲလွဲသွားတယ် တကယ်ကိုနည်းနည်းလေးပါပဲ မဟုတ်
ရင် ချောနေတဲ့မျက်နှာက ကြည့်လို့ရမှာမဟုတ်ဘူး ကျောက်ခဲ
တုံးလိုနဲ့မလှုပ်ရှားရဲပဲ အန်ဒန်ရပ်နေတော့တယ် သူလည်းမသိ
ပါဘူး ဘာလို့နေရာမှား အချိန်မှားလူက သူအမြဲဖြစ်နေလည်
ဆိုတာ



"အားလုံးထွက်သွား"




အခန်းထဲကနေ တပည့်တွေထွက်သွားဖို့ ခါလ်ဝိန်ပြောလိုက်
တယ် အခုဋ္ဌာလာသူ့ပေါင်ပေါ်အိပ်ပျော်နေပြီး သူ့ခါးကိုလည်း
တင်းကြပ်စွာနဲ့ဖက်ထားရင်း ဋ္ဌာလာပိုအိပ်ပျော်စေဖို့ နောက်
ကျောထိုင်ခုံကို ခါလ်ဝိန် နည်းနည်းလေးလဲလိုက်တယ်









ဋ္ဌာလာအိပ်ပျော်သွားတာ အချိန်ဘယ်လောက်ကြာလည်မသိပါ
ဘူး တကယ်ကိုအိပ်ပျော်တယ်လို့ပဲသိတယ် မနေ့ညက ခေါင်း
ကိုက်တာ မျက်လုံးဖွင့်လို့မရတဲ့ထိ ဋ္ဌာလာခံစားရတယ် မိုးရွာ
တာကြောင့် အေးနေတယ်လို့ခံစားရပေမယ့် ဋ္ဌာလာအတွက်
တော့ နွေးထွေးနေပါတယ် ခုလိုပေါ့

"ဘယ်လိုနဲ့ ကျွန်တော်ဒီမှာလာနေနေတာလည်"

ဋ္ဌာလာအိပ်မက်နေတယ်လို့ပဲ ဋ္ဌာလာမက်မိတယ် ပါပါး မေမေ
ဖူဖာနဲ့ဋ္ဌာလာ ဋ္ဌာလာနေမကောင်းချိန်ဆို အမေလည်းအမြဲ
ခန္ဓာကိုယ်လာသုတ်ပေးပြီး အိပ်မက်ကောင်းမက်စေဖို့ ပါပါး
လည်းအိပ်ချိန်အမြဲလာဖက်ထားတယ် မနေ့ညကလည်း ပါပါး
သူ့ကိုလာဖက်ထားတယ်လို့မက်နေတာ ဒါပေမယ့် အဲ့တာပါပါး
မဟုတ်ပဲ khun ခါလ်ဝိန်ဖြစ်နေတယ်လို့ထင်ပါတယ်



"ငါပဲမင်းကိုမေးရမှာ ဘာဖြစ်လို့ဒီမှာလာအိပ်တာလည်"

"အေ...တောင်းပန်ပါတယ်ဗျ"



ဋ္ဌာလာရဲ့အသံဟာအင်းအားမရှိသေးပဲ တိုးနေတယ်လို့ကြား
ရမယ် ပေါင်ပေါ်ကနေဆင်းဖို့ဋ္ဌာလာကြိုးစားနေပေမယ့်
ခါလ်ဝိန်လည်းသူ့ခါးလေးကိုအရင်ဆွဲထားပြီး ဋ္ဌာလာရဲ့
နှဖူးမှာနဲ့ လည်ချောင်းမှာ သပ်ကြည့်လိုက်တယ် ဋ္ဌာလာအခြေ
အနေသက်သာသွားပြီလို့ သေချာဖို့အတွက်ပေါ့


"Incarcerated Love"20+..Where stories live. Discover now