ZAWGYI
Tae Hyung P.OV
ဒီနေ့အရမ်းအိပ်လို့ကောင်းတာပဲ ညက အိပ်ယာဝင်တာ
နောက်ကျလို့လားတော့မသိ...အခုထိအိပ်ယာမထနိုင်
သေးဘူး စောင်ကိုလုံနေအောင်ထပ်ခြုံလိုက်ပြီး ကောင်း
ကောင်း အိပ်နေလိုက်သည်...ဒီခံစားမှုကဘာနဲ့မှမလဲနိုင်
အောင် Feeling So Goodပဲ....သို့သော် နတ်ပြည်ရောက်နေသည့်အလား ဒီခံစားချက်ကို
ဖျက်ဆီးလိုက်သော ဖုန်းမြည်သံကြောင့် ခေါင်းအုံးကိုနားတွင်
ဖိကာ ဆူညံသံကိုဖျောက်ပစ်လိုက်သည်...မကိုင်မချင်းလာသောဖုန်းသံကြောင့် ကြည့်လိုက်တော့လည်းဖုန်းနံပါတ်ကUnknown numberကြီးမို့ စိတ်တိုတို
နဲ့ ကောက်ကိုင်လိုက်သည်..."yawbosayo.."
တစ်ဖက်ကတုံ့ပြန်သံမကြားဘဲ ဖုန်းချသွားသည်...အေးရော..
ဒါနောက်စရာမဟုတ်ဘူး...အလကားသက်သက် မနက်စော
စောစီးစီး စိတ်တိုအောင်လာလုပ်နေတယ်....ထို့ကြောင့် စောင်ခြုံပြီး 10မိနစ်လောက်ထပ်ကွေးနေတော့
ထပ်မြည်လာတဲ့ ဖုန်းအသံ...ခုနကဖုန်းနံပါတ်ပဲ ဒီလူကိုင်
တော့လည်းမဖြေဘူး ဒီတစ်ခါကိုင်လို့မှမဖြေရင်ကောင်း
ကောင်းကြီး ဆဲပစ်ဦးမယ် ဆိုပြီးစိတ်ထဲကျိန်ဆဲလိုက်ကာ
ဖုန်းကိုင်လိုက်သည်..."ဘာလဲ ပြော..."
ခုနကလိုအိပ်ချင်မူးတူးအသံမဟုတ်တော့ဘဲ လေသံက
နည်းနည်းမာသွားသည်..."ဟိတ် ကောင်!ဘယ်သူမှန်းမသိပင်မဲ့ ဖုန်းဆက်ပြီးရင်
စကားလေးတော့ပြော...ဒါနောက်စရာမဟုတ်ဘူးနော်
ငါ့ရဲ့လှပတဲ့နံနက်ခင်းအချိန်မှာဒေါသထွက်တာမကောင်းဘူး
ဒါ ငါ့အချိန်တွေလည်းကိုထိခိုက်တယ် ...."ပြောနေရင်း မျက်လုံးကနာရီကိုရောက်သွားသည်...
8:40ဆိုတဲ့အရာကိုမြင်လိုက်ရတာကြောင့် မပွင့်တဲ့မျက်လုံး
ကအခုမှပြူးလျက်သားဖြစ်ကာ တစ်ဖက်ကဖုန်းပြောသံလည်း
မကြားတာကြောင့်လည်းဖုန်းချပစ်လိုက်ရတော့သည်...
YOU ARE READING
Stalker~[Taekook]
Fantasyကျောင်းသွားတဲ့အချိန်ကနေ အလုပ်ဆင်းတဲ့အချိန်အထိ အနောက်ကနေတကောက်ကောက်လိုက်နေတဲ့ မင်းကဘယ်သူလဲ? အမြဲတမ်း အခက်အခဲတစ်ခုခုကြုံရင်ရော ၀င်ဖြေရှင်းပေးတာ မင်းပဲလား? #Taekook Yaoi ကျောင်းသွားတဲ့အချိန်ကနေ အလုပ်ဆင်းတဲ့အချိန်အထိ အနောက်ကနေတက...