ZAWGYI
Tae Hyung P.O.V
မိုးစက်သံလေးကတဖျောက်ဖျောက်နဲ့ ပတ်ဝန်းကျင်ဟာလည်း
အလင်းရောင်ထွက်လို့လာပြီမို့ မိုးလင်းပြီဖြစ်မှန်းသိလိုက်သည်
ထို့ကြောင့် မျက်လုံးမှိတ်လျက်သား လက်တို့ကအနီးအနား
မှာအိပ်နေတတ်တဲ့Yeontanကိုစမ်းကြည့်လိုက်သည်...Yeontanကိုယ်လေးကိုထိမိလိုက်တာကြောင့် Yeontanအိပ်နေတုန်းဆိုရင်7နာရီမထိုးသေးမှန်း
ကိုယ့်ဘာသာယူဆလိုက်ပြီး Yeontanကိုအသာဆွဲကာ
ကျွန်တော့်ရင်ခွင်ထဲထည့်ပြီး ခဏမှေးအိပ်လိုက်သေးသည်Tee Ton ~ Tee Ton~ Tee Ton~
အဆက်မပြတ် ပေါ်ထွက်လာသော ဘဲလ်တီးအသံကြောင့်
ကျွန်တော်ခေါင်းထောင်လိုက်မိသည်...အိမ်ကိုဘယ်သူမှ ဒီအချိန်မလာဖူးပါ...
ထူးထူးဆန်းဆန်းဆိုတော့ ဘေးအခန်းကလူသစ်တွေ
ပြောင်းလာပြီး ဆန်မုန့်လာပို့တာများလား...စိတ်ထဲမှာလည်းအတွေးတစ်မျိုးနဲ့ အိပ်နေရာမှကုန်းထကာ
အိပ်ချင်မူးတူးမျက်နှာနဲ့ မျက်လုံးကိုပွတ်လျက်တံခါးသွား
ဖွင့်လိုက်သည်....ကျွန်တော်အရင်ဆုံးကြည့်လိုက်တာကထိုလူ့လက်ကိုပေါ့
တွေ့လိုက်ရတာက လက်ထဲမှာဆန်မုန့်လည်းမရှိဘူး...
ဘယ်သူကြီးလဲ ဘာလာလုပ်တာလဲမေးမလို့ပြင်တုန်း...."Morning Hyung...အိပ်တုန်းလား ဒီအချိန်ထိ "
အရင်လိုHoodie အမဲကိုခေါင်းစွပ်ပြီးမ၀တ်တော့ဘဲ
အပေါ်ကshirtအဖြူရောင်လက်ရှည်ကိုတံတောင်ဆစ်
နားအထိခေါက်ထားကာ အောက်ကဂျင်းအပြာနုလေးနဲ့
တွဲဝတ်ဆင်ထားပြီး ကျောပိုးအိတ်အမဲရောင်လေးကိုဘေး
တစောင်းလွယ်ထားတဲ့ ထိုကောင်လေးကြောင့် ကျွန်တော်
အိပ်ချင်စိတ်ပါပျောက်သွားသည်...ထိုကောင်လေးရဲ့ လက်ဖြူဖြူလေးက သွေးကြောစိမ်းစိမ်းလေးတွေကြောင့် ကျွန်တော်မသိစိတ်ထဲကသဘောကျမိကာ
ကြာကြာစိုက်ကြည့်နေမိသည်...
YOU ARE READING
Stalker~[Taekook]
Fantasyကျောင်းသွားတဲ့အချိန်ကနေ အလုပ်ဆင်းတဲ့အချိန်အထိ အနောက်ကနေတကောက်ကောက်လိုက်နေတဲ့ မင်းကဘယ်သူလဲ? အမြဲတမ်း အခက်အခဲတစ်ခုခုကြုံရင်ရော ၀င်ဖြေရှင်းပေးတာ မင်းပဲလား? #Taekook Yaoi ကျောင်းသွားတဲ့အချိန်ကနေ အလုပ်ဆင်းတဲ့အချိန်အထိ အနောက်ကနေတက...