Stalker???

3K 411 22
                                    

ZAWGYI

Tae Hyung P.O.V

ဒီ​နေ့​ကျောင်းကို​စော​စောသွားရမည်​ဖြစ်​​သော်​လည်း အတားအဆီးမရှိ ဒလ​ဟော ရွာကျ​နေ​သောမိုး​ရေ
စက်​​တွေ​ကြောင့်​အပြင်​ဘက်​ကိုကျွန်​​တော်​မျက်​​မှောင်​ကြုတ်
ကြည့်​မိသည်​...

ပြတင်း​ပေါက်​က​နေအပြင်​ဘက်​ကို​ငေးကြည့်​​နေရင်း
တစ်​ချက်​တစ်​ချက်​ဆိုမျက်​နှာကိုလာစင်​​သော မိုး​ရေစက်​များ
ကြောင့်​ကျွန်​​တော်ကြည့်​လက်​စကိုရပ်​ရင်းပြတင်း​ပေါက်
ကိုအမြန်​ဆွဲပိတ်​လိုက်​သည်​...

ဒီတိုင်းဆိုမိုးကစဲမဲ့ပုံမ​ပေါ်ဘူး...
သူများ​တွေလိုကိုယ်​ပိုင်​ကားမစီးနိုင်​​သောကျွန်​​တော့်​အဖို့က
မိုးရွာချိန်​ဆို ဒုက္ခများတတ်​သည်​...

ဗီရိုဖွင့်​ပြီး မိုးကာအင်္ကျီကိုအမြန်​ရှာ​တော့လည်းမ​တွေ့​ဘူး
အ​ရေးအ​ကြောင်းဆို လိုချင်​တာကရှာမရပြန်​ဘူး....
အခုချိန်​မှာထီး​စောင်းသွားရင်​လည်းစိုမှာပဲ...

သာမန်​ဆိုအတန်းမတက်​ဘဲ​နေလိုက်​လို့ရပင်​မဲ့ စာ​မေးပွဲ
က မကြိုဆိုပဲနဲ့ကိုနီးလာ​လေသည်​...
ထို့​ကြောင့်​မတတ်​နိုင်​တဲ့အဆုံး Taxi​တော့ငှားသွားရမည်​...

အ​ပေါ်က​နေအ​နွေးအကျီ င်္မိုးပြာ​ရောင်​​လေးကို​သေ​သေသပ်​သပ်​ ၀တ်​လိုက်​ရင်းမှန်​ထဲကြည့်​လိုက်​သည်​...ဘယ်​​နေရာက
ကြည့်​ကြည့်​Perfectဖြစ်​လွန်း​နေတာ​ကြောင့်​ ကိုယ့်​ကိုကိုယ်​​တောင်​မာန်​တက်​ချင်​သွားသည်​....

သို့​သော်​ ပါးပြင်​​လေးကမ​နေ့ညကအရှိန်​​ကြောင့်​အနည်းငယ်
ရောင်​​နေသလိုရှိသည်​...မှန်​အ​ရှေ့က​နေ သွား​လေးစိပြီး
ရယ်​ကြည့်​​တော့ ​ရောင်​​နေတဲ့ပါးပြင်​ကြီးကနာ​​လာ​သည်​...
ဒီ​နေ့တစ်​ရက်​​တော့ မရယ်​မိ​အောင်​သတိထားရမည်​...

ကျွန်​​တော်​​တောင်​ဒီ​လောက်​​လေးကိုဖြစ်​​နေရင်
ဟိုတစ်​​ယောက်​​ရောအဆင်​​ပြေရဲ့လားမသိဘူး...

အခုချိန်​ဆို သူ​ရောနာ​နေမလား မျက်​နှာ​လေး​ကော​ရောင်​​နေ
မလား ​ဒဏ်​ရာ​တွေ​ဆေး​ရောထည့်​ရဲ့လား လမ်း​ရော​လျှောက်
နိုင်​ရဲ့လား...

Stalker~[Taekook]Where stories live. Discover now