Glasses

3.2K 431 16
                                    

ZAWGYI

Tae Hyung P.O.V

မနက်​မိုးလင်း အိပ်​ရာက ထ​တော့ ​ခေါင်းကမူး​နောက်​​နောက်​နဲ့
စိတ်​ကလည်းမကြည်​မလင်​ဖြစ်​​နေသည်​...

ရုတ်​တရက်​ ညက စိတ်​ညစ်​ဖွယ်​ပုံရိပ်​တချို့ကိုထင်​ထင်​ရှား
ရှားပြန်​မြင်​လာ​တော့ ဒီနှလုံးသားကနာကျင်​ရပြန်​သည်​...

တစ်​ဖက်​အချစ်​ဆိုတာကဒီလိုပဲခံစားရတာလား...
ဒီလိုဆိုရင်​​တော့ ကျွန်​​တော်​အဆင်​သင့်​မဖြစ်​​သေးဘူး ...
အရင်​ဆုံးစိတ်​ကိုပြင်​ဆင်​ရမယ်​ ....

ညကကျွန်​​​တော်​ဆိုဂျူ​တွေလည်းမတရား​သောက်​မိပါလား...
ဒါ​ပေမဲ့ သတိရမိတာက ​နောက်​ဆုံး ကျွန်​​တော်​ဆိုင်​ထဲမှာ 
သောက်​​နေတာကိုပဲ....အဲ့ဒီ​နောက်​ပိုင်းဘာဆက်​ဖြစ်​သွားလဲ
စဉ်းစားလို့မရ....

သေချာတာက​တော့ မ​နေ့ညကကျွန်​​တော်​ လူမှန်းသူမှန်း
မသိ​အောင်​ကိုမူးခဲ့တယ်​...အိမ်​ကိုဘယ်​လိုပြန်​​ရောက်​လာတာ
လဲစဉ်းစားလို့ကိုမရ...

သောက်​ထားတဲ့အရှိန်​​ကြောင့်​​ခေါင်းကရှိန်​တိန်​တိန်​နဲ့ ​နေလို့
ကိုမ​ကောင်း ထပ်​ပြီးစဉ်းစား​လေ ​ခေါင်းပိုကိုက်​လာတာ​ကြောင့်
တွေးလက်​စကိုရပ်​ပြီး အနည်းငယ်​ အရှိန်​ယူပြီးမှ ​ရေချိုးခန်းသို့
ထွက်​လာလိုက်​သည်​....

ရေပန်းကိုဖွင့်​ချလိုက်​​တော့ ​ခေါင်းက​နေခန္ဓာကိုယ်​​ပေါ်
တဖြည်းဖြည်းစီးဆင်းသွားတဲ့​ရေများ​ကြောင့်​ မျက်​လုံးကိုအသာမှိတ်​လိုက်​သည်​...

အချိန်​​အ​တော်​ကြာ​အောင်​ ​ရေပန်း​အောက်​မှာရပ်​​နေ
ခဲ့သည်​...တုန်​ရီလာတဲ့နှုတ်​ခမ်းတစ်​စုံ​ကြောင့်​ လက်​နဲ့အသာပွတ်​လိုက်​​တော့ ကျွန်​​တော့်​ရဲ့နှုတ်​ခမ်း​လေးကနူးနူးညံ့ညံ့​လေး....

မဆိုင်​သလို ​ခေါင်းထဲကို​နောက်​ထပ်​၀င်​​ရောက်​လာတာက
တစ်​စုံတစ်​​ယောက်​ကိုအနမ်း​တွေ​ပေးခဲ့မိသလိုလို...
ရုတ်​တရက်​ ရင်​​တွေအရမ်းခုန်​လာသည်​မို့ ​ရေပန်းကိုအမြန်
ပိတ်​လိုက်ကာ စဉ်းစားမိပြန်​သည်​...

Stalker~[Taekook]Opowieści tętniące życiem. Odkryj je teraz