Because I Love You...

2.6K 384 47
                                    

ZAWGYI

"ဖြစ်​..ဖြစ်​​ရောဖြစ်​ပါ့မလား Hyungရဲ့
ပန်း​ရောင်​ကြီး "

ဒီ​နေ့မှာ ချစ်​ရသူနဲ့First Date​လေးဖြစ်​တာမို့
ကြည့်​လို့​ကောင်းရန်​ အ၀တ်​အစားတချို့ကိုဝတ်​ကြည့်
သော်​လည်း ကိုယ့်​မှာ All Blackကြီးပဲရှိတာမို့ နည်းနည်း
တော့ အဆင်​မ​ပြေဖြစ်​ရသည်​။

ဘယ်​သူမဆို ကိုယ်​ချစ်​တဲ့လူအ​ရှေ့​ရောက်​ရင်​​တော့
ကြည့်​​လို့​ကောင်း​​​အောင်​​​နေချင်​ကြတာပဲ​လေ။

ဒါ​ကြောင့်​ ဒီဇိုင်း​ကောင်း​ကောင်း​လေး​ပြောင်းဝတ်​ချင်​တာမို့
Jin Hyungကိုအကူအညီ​တောင်းရသည်​။အကူအညီ
ရမည်​ဟုထင်​​သော်​လည်း လက်​​တွေ့နဲ့စိတ်​ကူးကတခြားစီ။

ကော်​လန်​ပါ Shirtပန်း​ရောင်​လက်​ရှည်​ကြီးကို​Hyungက
ဝတ်​ခိုင်း​သော​ကြောင့်​ စိတ်​တိုင်းမကျ​သော်​လည်း ကြိတ်​မှိတ်
ကာဝတ်​ထားရ​သေးသည်​။အလိုမကျ​သော မျက်​နှာဖြင့်
ကိုယ်​လုံး​ပေါ်မှန်​ရှည်​အ​ရှေ့​တွေရပ်​ကာ Hyungကို
မေးလိုက်​မိသည်​။

"Hyung...ကျွန်​​တော့်​ပုံစံကြီးကကြည့်​ရဆိုးမ​နေဘူးလား
ပြီး​တော့ ​သေချာကြည့်​ရင်​ မိန်းမကြီးနဲ့​တောင်​တူ​နေသလိုပဲ "

"ဘယ်​ကသာ...Jungkook ကဒီလို​လေးဝတ်​ထား​တော့
အသက်​​တောင်​ငယ်​သွားသလိုပဲ မ​ကောင်းတာ​တွေ မ​တွေး
ပါနဲ့ ဒါမျိုးကHyungလိုဖက်​ရှင်​အမြင်​ရှိတဲ့သူ​တွေပဲသိတာ "

ယောက်ျား​လေးတစ်​​ယောက်​က ပန်း​ရောင်​၀တ်​ထားရတဲ့
အခိုက်​အတန့်​​ကြောင့်​ စိတ်​ထဲမှာတစ်​ခုခုမလုံခြုံသလို
ခံစား​နေရတာ​တော့ အမှန်​ပင်​ အားနာပင်​မဲ့လည်း ဒီထက်​ပိုပြီး
မ​နေ​တတ်​​တော့...

"တခြား အ​ရောင်​မရှိဘူးလားဟင်​ !"

"ဘာလို့လဲ အခုဝတ်​ထားတာ ဒီ​လောက်​ကြည့်​​ကောင်း
နေတဲ့ဟာကို..."

"ကျွန်​..ကျွန်​​တော်​မ​နေတတ်​လို့ပါစိတ်​ထဲမှာတစ်​မျိုးကြီး
ပဲ အဲ့ဒါ​ကြောင့်​ ...."

"First dateမို့လား..ဖြစ်​တတ်​ပါတယ်​ Jungkookရဲ့
သိပ်​မကြာခင်​ Taehyung​လေးနဲ့​တွေ့ရ​တော့မှာမို့လို့
စိတ်​လှုပ်​ရှား​နေတာဖြစ်​မှာပါ "

Stalker~[Taekook]Where stories live. Discover now