အပိုင်း (၁)

398 41 5
                                    

"တေး.... ငါပြောထားတဲ့ အလုပ်လုပ်မယ်မလား?"

"ကလေးတစ်ယောက်ကို စောင့်ရှောက်ပေးရမယ်ဆိုတာလား"

"အင်း... ငါ့သူငယ်ချင်းညီမလေးဟ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်လုံးကွယ်သွားပြီး ခဏခဏ သေကြောင်းကြံနေတာတဲ့"

"သနားတော့သနားစရာပဲနော်... မိဘတွေရော မရှိတော့ဘူးလား?"

"မရှိတော့ဘူးပြောတယ်... သူကလည်း သူ့ညီမလေးကို အချိန်ပြည့်မကြည့်နိုင်လို့ ငါ့ကို အကူအညီတောင်းထားတာ"

"နင်တို့က သူငယ်ချင်းရော ဟုတ်ရဲ့လား? ပါးစပ်ကသာ သူငယ်ချင်း၊ သူငယ်ချင်းနဲ့ စိတ်ထဲကရော ရိုးရဲ့လား?"

"အမလေး... အလုပ်မရှိလို့လည်း ရှာပေးရသေးတယ် စေတနာနဲ့ပါနော်"

"စတာပါဟယ် မယ်သီတာလေးကလည်း..."

"တေးစုတ် သေတော့မယ်... နာမည်ရင်းက နှင်းသီတာနော် နင်ခေါ်တာနဲ့ ငါ့ကို အားလုံးကပါ မယ်သီတာဝိုင်းခေါ်နေကြပြီ...
ထားပါတော့ မနက်ဖြန် စလုပ်ပေးနိုင်မလား?
ကောင်းမြတ်က ခရီးထွက်ရမှာဆိုတော့ သူ့ညီမလေးကို စိတ်မချလို့"

"အေးပါ... ငါလည်း အားနေတာပဲ မနက်ဖြန်ပဲ သွားလိုက်မယ်လေ... လိပ်စာပို့ထားလိုက်"

"အိမ်ပြန်ပြီး အထုပ်ပြင်လိုက်ဦးမယ် ဒီအတောအတွင်း နေခွင့်ပေးခဲ့တဲ့အတွက် ဟောဒီက မယ်သီတာလေးကို Big Thanksပါနော်"

"ရပါတယ်ဟာ... နင်က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကြီးပဲ ဒီလောက်ကတော့ ငါ့အခန်းကြီးက နင့်ကို လွမ်းနေတော့မှာပဲ"

"ငါကလည်း နင့်အခန်းကြီးကို လွမ်းနေမှာပါ... Dutyချိန်ရောက်တော့မှာမလား၊ ငါလည်း ပြန်တော့မယ်"

"ဟုတ်သားပဲ အချိန်တွေကလည်း ကုန်မြန်လိုက်တာ လိုက်မပို့တော့ဘူးနော်"

"ဘယ်တုန်းက လိုက်ပို့တာကျလို့!"

နောက်ဆုံးပြောလိုက်တဲ့စကားကိုတော့ သူမ ကြားမသွားပါ။

နှင်းသီတာဆိုတာ သူမ ငယ်ငယ်ကတည်းက ခင်ခဲ့ရတဲ့ စာသိပ်တော်တဲ့ တစ်ဦးတည်းသော သူငယ်ချင်းမကြီးပါ။

မိဘတွေဆုံးသွားပြီး အကြောင်းအမျိုးမျိုးကြောင့် နေစရာအိမ်ပါ ပျောက်သွားတဲ့ သူမကို ကြည်ကြည်ဖြူဖြူနဲ့ နေစရာပေးထားခဲ့တယ်။

စာတော်တဲ့နှင်းက အခုဆို ဆရာဝန်လောင်းတစ်ယောက်ဖြစ်နေပေမယ့် သူမကတော့ ဆေးလိုင်းမှီပေမယ့် တက်ခွင့်မရှိခဲ့တာကြောင့် ရိုးရိုးမေဂျာနဲ့ပဲ ဘွဲ့ရခဲ့တာပါ။

ဘဝဆိုတာ ကိုယ်ဖြစ်ချင်တာတွေပဲ ဖြစ်ခွင့်ရှိတာမှမဟုတ်ပဲ... တွေးမထားတဲ့အရာတွေကို လူသားတိုင်း ကြုံနေရတာပဲမလား....
သူမလည်း လူသားတစ်ယောက်သာ...

ွှနှင်းရဲ့အိမ်မှာ အထုပ်တွေသိမ်းရင်း လွန်ခဲ့တဲ့ ၅နှစ်လောက်က ရိုက်ထားခဲ့တဲ့ မိသားစုပုံလေးကို တွေ့မိသည်။

မိုးညWhere stories live. Discover now